"ကျောင်းမသွားထိရအောင်မင်း ကျောင်းကပိတ်သွားပီးလား"

"ဟအင်း သခင်မကြီးက သားကို ကျောင်းမသွားထိတော့ဘူးတဲ့ အဲ့ကြောင့် "

"ဘယ်လို"
ခွန်း သိလိုက်ပါပီး ဝိုင်းကဗျာရဲ့အမေ ဒေါ်စိုးသူဇာရဲ့ စကားတွေ.

" အယ် သားကကျောင်းမသွားထိတော့လို့လေ အဲ့တာခနနေကျရင် သားအလုပ်လုပ်ဖို့ အလုပ်သွားရှာမယ်လေ ဦး"

ကိုယ့်ကို ဒေါသထွက်စေတဲ့စကားတွေပဲ ပြောနေလိုက်တော့ အရိပ်!,
" ဖြစ်သင့်တာပဲပြော အရိပ် , သွား ရေချိုးပီးရင်အဖြူအစိမ်း သွားလဲဝတ်ခဲ့  "

" အဲ့ ဦးမကြားဘူးလားလို့ သားပြောပြနေတာကို "

"အေး ကိုယ်မကြားဘူး အဲ့လို စောက်အသုံးမဝင်တဲ့ စကားတွေကို ကိုယ့်နားထဲမထည့်ထားဘူး , ကိုယ်ပြောတာပဲလုပ် သွားတော့"

" ......."

"ကျစ်! ပြောရင် ဆူတယ်ဖြစ်အုံးမယ် ပီးရင် ငိုအုံးမယ် အဲ့ဒါပဲ , "

" သ သခင်မကြီးက"

" ကိုယ်ပြောထားတယ်မလား , ဒီအိမ်မှာ နေရင် ဟိုအိမ်မှာ ပြုမူခဲ့ သမျှ အရာတွေ လာမလုပ်နဲ့။ ပီးတော့ သူ့ကို သခင်မကြီး ဆိုပီး ခေါ်စရာမလိုတော့ဘူး။ ဟိုအိမ်က အရိပ်နဲ့ဒီအိမ်က အရိပ်နဲ့က မတူတော့ဘူး ,
ပီးတော့ အလုပ်လုပ်ချင်တယ် မင်းအသက်က ၁၆နှစ်တောင်မပြည့်သေးဘူးအရိပ်။ ဘယ်အလုပ်မှ မင်းကို လက်ခံမှာမဟုတ်ဘူး။"

"........"

" သွား ကိုယ် မင်းကို ကျောင်းအထိ လိုက်ပို့ပေးမယ်"

" ......"
အင့်နဲ့ အင့်နဲ့ လုပ်နေတဲ့ အရိပ် ကြောင့်,

" မကြားဘူးလား, သက်တန့်အရိပ်!!!!"

" ကြား... ကြားပါတယ် သွား.... သွားပါ့မယ်"
*သက်တန့်အရိပ်*ဆိုတဲ့ နာမည်က တစ်အိမ်လုံး ကိုပါ ဟိန်းထွက် သွားသည်။ ခွန်းတကယ်ဒေါသထွက်သည်။ အရိပ်ကို မဟုတ် , အရိပ်ကိုစိတ်ဒဏ်ရာ ဖြစ်အောင် ​လုပ်သွားတဲ့ လူတွေ ကိုပါ။ သိပ်ကို တစ်ကိုယ်ကောင်းဆန်လွန်းနေသည်။
*ဟက် ထိုအမျိုသမီးက  နောက်ဆိုကိုယ့်ရဲ့ယောက္ခမ ဖြစ်လာမဲ့လူတဲ့လား *

ကို့အရိပ်.....Where stories live. Discover now