" ငိုစရာမဟုတ်ဘူးနော် အရိပ်, ကိုယ့်ကို ကြည့် ကိုယ်ပြောမယ် ''
" အင့် သားမေမေ ချက်ပေးနေကြ အတိုင်း သားက ချက်ပေးလိုက်တာပါ ဦး။ စားမကောင်းမှန်း သားလဲ မတွေးမိလိုက်ဘူး။အရင်ကဆိုလေ သားပဲ မေမေ့ကို ချက်ကျွေးနေကြပဲ။ သားရဲ့ မကောင်းတဲ့ ဟင်းတွေကို မေမေကလဲ အောင့်အီးပီးစားနေရတာပေါ့နော် ဦး ဟင့်"
" အရိပ်ရယ် , ကိုယ်ပြောမယ် အရိပ် ကြော်ပေးတဲ့ ထမင်းက ကိုယ်စားခဲ့ဖူးသမျှ ထမင်းကြော်တွေထဲမှာ အရသာအရှိဆုံးပဲ ,"
"ဟင့်! လိမ်နေတာ"
" ကိုယ်မလိမ်ဘူး လိမ်တာကိုယ်မကြိုက်ဘူး,ကိုယ် ကိုယ်တိုင်လဲ သူများကို မလိမ်ဘူး ကိုယ်မင်းကို အမှန်အတိုင်းပဲပြောနေတာ တကယ်အရသာရှိတယ်, ကိုယ်တောင်ဘာမှမပြောရသေးဘူးလေ ကွာ မင်းကို ချီးကျူးဖို့ စကားလုံးတွေ စဥ်းစားနေတုန်း ပဲရှိသေးတယ် လေ ကိုယ့်ရဲ့ အပြုမူတွေကြောင့် ဝမ်းနည်းသွားတာလား"
"အင်း , သားစိတ်မကောင်းဖြစ်သွားတယ်,ဦးကို အားနာလို့"
" အရိပ်ရယ် ကိုယ်တောင်းပန်ပါတယ်နော် မငိုရဘူး"
"အင်း အင့်! "
" တိတ်တိတ် မငိုရဘူးလေ တစ်ခုခု ဆို မျက်ရည် မလွယ်ရဘူး အရိပ်ရဲ့ မျက်ရည်ကို တန်ဖိုးထားရတယ် သိလား"
"အင်း"
ခွန်းလဲ အရိပ်ရဲ့ မျက်ရည်တွေကို သူ့ရဲ့ လက်မနဲ့ ပွတ်သုတ်ပေးလိုက်ပီး အရိပ်ရဲ့ ဆံပင်ကို ထိုးဖွလိုက်သေးသည်။
အဲ့နောက် ချော့ပြောပီးသွားတဲ့အခါမှ နှစ်ယောက်သားထမင်းကို ဆက်စားလိုက်သည်။
*********
*********
"ပန်းကန်တွေ ထား ထားကိုယ်ဆေးလိုက်မယ်"
"ဟအင်း ရတယ် သားဆေးလိုက်မယ်"
" အရိပ် ကိုယ်ပြောနေတယ် ထား'ထား' ကိုယ်ဖုန်းခနပြောပြီးရင် ဆေးလိုက်မယ် မင်း ရေချိုးပြင်ဆင်တော့"
" ဟမ် သားက ဘာကိုပြင်ဆင်ရမှာ"
" ဟန့် ကျောင်းသားက ကျောင်းသွားဖို့ ပြင်ဆင်ရမယ်လေ သွားတော့ "
" အာ!သားကျောင်းမသွားထိတော့ဘူးလေ ဦးကို ပြောပီးပီးထင်နေတာ။ နေအုံး သားမပြောရသေးဘူးလားမသိ"
YOU ARE READING
ကို့အရိပ်.....
Romance[ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈 [ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet
Part.5[ Unicode]
Start from the beginning
