" ဘယ်လိုလဲ ဦး"
ခွန်းစားနေတာကို ရှေ့ကနေ မျက်လုံးအဝိုင်းသားနဲ့ ပျူးကြည့်နေပီး အရသာ ဘယ်လိုဖြစ်မလဲ သိချင်နေတဲ့ ကောင်လေးက သူ့ကို မေးလိုက်သည်။
"အမ် ပြောရမယ်ဆိုရင် ...."ပြောပြီး ဇွန်းကို ဘေးမှာ ချလိုက်သည်။ဆိုလိုချင်တာက ဆက်မစားနိုင်တော့ဘူးပေါ့....
"ဟင် မ မကောင်းဘူးလား, "
အရိပ်သက်ပြင်းကိုသာ ဖွဖွချလိုက်တော့သည်။ အရသာရှိမယ်လို့ အရိပ် ထင်ထားခဲ့တာလေ,အခုက ဦးက ဆက်တောင်မစားတော့ ဟန်နဲ့ပဲ..
"တောင်းပန်ပါတယ်ဦး သားက အရသာ ရှိရှိချက်ကျွေးချင်တာပါ ,ဦးမစားနဲ့တော့ သားအပြင်မှာတစ်ခုခု သွားဝယ်ပေးမယ်လေ"
"အရိပ်!"
"ဟုတ်"
"အဲ့မျက်နှာက ဘယ်လိုဖြစ်သွားတာ"
"ဘာမှမဖြစ်ပါဘူး ,ဟို သာအခုသွားဝယ်ပေမယ် ဦးဘာစားမလဲဟင်"
ခွန်းဘာမှတောင် မပြောရသေးပဲ ကောင်လေးကတော့သူ့ထမင်းကြော်အရသာ မရှိဘူးဆိုပီး အတည်ကြီး ထင်သွားဖြစ်မည်။ ဘယ်နှယ့် ဒီလောက်အရသာရှိတဲ့ ထမင်းကို သူမမြည်းကြည့်တာလား။ မရတော့ဘူး အခုကောင်လေးရဲ့ ဝမ်းနည်းသွားတဲ့ မျက်နှာကို ပြန်ပြုံးလာအောင် ချော့ရတော့မည်။
" ကိုယ်ဘာမှမစားဘူး မင်းကြော်ပေးတဲ့ ထမင်းပဲ ကိုယ်စားမယ် , "
" မ မစားနဲ့ တော့လေ အရသာမကောင်းဘူးမဟုတ်လား"
" ကိုယ်ပြောလို့လား အရသာမကောင်းဘူးလို့"
"......"
ခွန်းကို ကြည့်နေတဲ့ အရိပ်ရဲ့ မျက်လုံးထဲမှာတော့ မျက်ရည်ကြည်တွေ အပြည့်,
" ကိုယ်ပြောလို့ လား မင်းရဲ့ ထမင်းက အရသာမရှိဘူး အဲ့လို ကိုယ်ပြော လား!"
"ဟအင်း ဟင့်!"
အရိပ်ဘာမှပြန်မပြောပဲ ခေါင်းငုပ်ရပ်သားနဲ့ပင် မျက်ရည် က ကျနေတော့သည်။
ခက်တော့တာပဲ သူ့ကို ဆူတယ်ဆိုပီး ထင်သွားပြန်ပီး, ခွန်း ထိုင်ခုံကနေ ထလိုက်ပီး ခေါင်းငုံ့နေတဲ့ အရိပ်ရဲ့ အရှေ့ကို ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်သည်။
ပီးနောက် အရိပ်ရဲ့ မျက်နှာကို အုပ်ကိုင်လိုက်သည်။
"ကိုယ့်ကို ကြည့်, "
ဟော ဟုတ်တာပေါ့ ဒီကောင်လေး ရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ကြည်တွေ ပြည့်နေပြီ မျက်ရည်တွေတောင် စီးကျနေပီး။
KAMU SEDANG MEMBACA
ကို့အရိပ်.....
Romansa[ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈 [ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet
Part.5[ Unicode]
Mulai dari awal
