" ဟို ဦး"
"အင်း "
" ဒီအပင်တွေက စျေးကြီးတယ်ဟုတ်ဦး"
" အမ် စျေးတော့ သူစျေးနဲ့သူပေါ့ ဒီဂမုန်းတွေက ဒီတိုင်း ကံကောင်းစေတာတို့ ဘာတို့ညာတို့ သူများတွေပြောကြတယ်လေ။ အဲ့ကြောင့် ဝယ်ထားတာ ။ဘာဖြစ်လို့ လဲ အရိပ်"
" ဟအင်း ဘာမှမဖြစ်ပါဘူး ဒီတိုင်း သားက ဒီအပင်တွေကို ကြိုက်တယ် အဲ့ကြောင့်ဦးကို မေးကြည့်တာလေ။ စျေးကြီးနေတော့ သားက ဝယ်မစုနိုင်ဘူး။
" ကြိုက်လား "
"အင်း သားက ယောကျ်ားလေးဖြစ်ပေမဲ့ ပန်းပင်တို့ ဒီဂမုန်းပင်တို့ကို ကြိုက်တယ်ဗျ ဟီး ဟီး''
" အင်း ယောကျ်ားလေးက ပန်းပင်တွေ မကြိုက်ရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ. အရိပ် ကြိုက်ရင် ကိုယ် အများကြီး ထပ်ဝယ်ပီး ထပ်စိုက်ပေးမယ်"
"ဟင် မဟုတ်ဘူး မဝယ်ပါနဲ့ ဦးပိုက်ဆံတွေကုန်မယ်လေ"
" ကိုယ့်မှာ အပေါဆုံးက ပိုက်ဆံပဲ , လာ မနက်စာစားမယ်"
ပြောပြီး ခွန်းလှည့်ထွက်သွားသည်။ တောင့်တောင့်ကြီး ကျန်နေတဲ့ အရိပ်ကတော့ တအံ့တသြနဲ့ပဲ ,
* အပေါဆုံးကပိုက်ဆံ တဲ့လား , ဟွန်းနော် ဦးက သားကိုကြွားလိုက်တာလား *
" ဘာရပ်လုပ်နေတာလဲ လာတော့"
"ဟုတ် ဟုတ် လာပီး"
ထမင်းဝိုင်းတွင်.........
ထမင်းစားခုံပေါ်တွင် ကြက်ဥထမင်းကြော်ကို ပန်းကန်ထဲတွင်ထည့်ပေးနေသည်။ ခွန်းကို တစ်ပန်းကန်ပေးပီး သူ့အတွက်ပါထည့်ပေးလိုက်သည်။
" ဦးစားနော် ဘာမှမရှိတော့ ကြက်ဥထမင်းကြော်ပဲ လုပ်လိုက်ရတယ် ဟို coffeeရောသောက်မှာလားဟင် သားဖျော်ပေးမယ်လေ"
"နေပါစေ ဒါပဲ အရင်စားလိုက်မယ်"
"ဟုတ်"
ခွန်း ကြည့်လိုက်သည်။ စားချင်စဖွယ်လေး ပါပဲလား။ ရိုးရှင်းနေတဲ့ ကြက်ဥထမင်းကြော်က သူ့ရှေ့က ကောင်လေးက ချက်ပေးထားတယ်တဲ့။
" အင်း စားလို့ကောင်းမဲ့ ပုံပဲ ကိုယ်ကောင်းကောင်းစားပါ့မယ် အရိပ်"
"ဟုတ်ဦး"
ခွန်းစားကြည့်လိုက်တော့ တကယ်လဲ အရသာရှိသည်။ စားဖူးခဲ့သမျှ ထမင်းကြော်တွေထဲမှာ ဒီရိုးရှင်းလှတဲ့ ကြက်ဥထမင်းကြော်လေးက အရသာအရှိဆုံး လို့ ပြောရလိမ့်မည်။
YOU ARE READING
ကို့အရိပ်.....
Romance[ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈 [ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet
Part.5[ Unicode]
Start from the beginning
