Part.5[ Unicode]

Mulai dari awal
                                        

" အရိပ်!"
ဂမုန်းပင်တွေကို ငေးကြည့်နေရင်း အတွေးတွေကိုလဲ နယ်ချဲ့နေတဲ့ အရိပ်ကို  တစ်ယောက်ယောက်က ခေါ် လိုက်တော့ အရိပ်နောက်လှည့်ကြည့်လိုက်သည်။

" ဟင် ,ဦး နိုးပီးလား"

ခွန်းလဲ အိမ်ထဲကနေ အပြင်သို့ လျှောက်လာခဲ့သည်။ အခုမှနိုးနိုးချင်းမျက်နှာသစ်ထားတော့ မျက်နှာပြင်က ကြည်လင်နေခဲ့ပြီး နှာဖူးပေါ်မှာဝဲကျနေတဲ့ ဆံပင်ကနေ လဲ ရေစက်တွေတွဲခိုနေသည်။ ညအိမ် အမဲရောင် ဝတ်စုံ ကို ဝတ်ထားခဲ့ပြီး အရိပ်ဆီ လျှောက်လာနေတဲ့ ဦးရဲ့ အရပ်အမောင်းက တကယ့်ကို Perfect body ပါပဲကွယ်။

"ဘာလုပ်နေတာလဲ"

"အာ ဟို သား အစောကြီးနိုးလို့လေ , အဲ့တာ သားမနက်စာ ချက်တယ် ပီးတော့ ဆွမ်းတော်တင်လိုက်တယ်။ ပီးတော့ အပြင်ကို ထွက်လာတာပါ အပင်တွေကိုရေလောင်းနေတယ် ဟီးး"

"အင်း"
သူ့ကို ဆူမှာစိုးလို့ထင်ပါရဲ့ တစ်ခုချင်းစီပြောပြနေတဲ့ပုံက , အဟက် မနက်စောစော နိုးလာတိုင်း ဒီကောင်လေးရဲ့ မျက်နှာကို အရင်မြင်တွေ့ခွင့်ရတာ
သိပ်ကောင်းတယ်။ အရင်ကဆို မနက်ခင်း နိုးလာတိုင်း တစ်ကိုယ်ရည် သန့်ရှင်းရေးတွေတွေ လုပ်ပြီး ကုမ္ပဏီသွားဖို့ပြင်ဆင်ရသည်။ မနက်စာက အိမ်တော်ထိန်းရှိတုန်းက သူပြင်ဆင်ချက်ပြုတ်ပေးပေမဲ့လဲ စားချင်တဲ့စိတ်ရှိတဲ့နေ့မှ ထိုင်စားသည်။ မဟုတ်ရင် ကုမ္ပဏီမှာပဲ စားတာများသည်။

အခု အရင်ကနဲ့မတူတော့ဘူးလို့ ထင်ပါရဲ့။ နိုးလာရင် ခြောက်ကပ်ကပ်ဖြစ်နေတဲ့ မနက်ခင်းလေးက နေ စိမ်းစိုစို မနက်ခင်းလေး အဖြစ်သို့ပြောင်းလဲ လာခဲ့ပြီ။ မနက်က ခွန်း နိုးလာတော့ ညက သူ့ရင်ခွင်ထဲကို တိုးဝင်အိပ်စက်နေတဲ့ ကောင်လေးမရှိနေတော့ ကမန်းကတန်း ထလိုက်ရသည်။  *အရိပ် * ဆိုပီး ခေါ်လိုက်ပေမဲ့ထူးတဲ့အသံ မကြားရတဲ့အခါ ခွန်း ကုတင်ပေါ်ကနေ ဆင်းလာခဲ့ သည်။ ထိုစဥ် ခြံထဲတွင် လမ်းလျှောက်နေတဲ့ ခြေသံကြားလိုက်ရတော့ ခွန်း လိုက်ကာတွေကို ဆွဲဖယ်လိုက်ပြီး ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ,မြင်တွေ့လိုက်တဲ့ မြင်ကွင်းတစ်ခုက ခွန်းရဲ့ မနက်ခင်းကို လှပစေခဲ့တယ်လေ။
အရိပ်က ဂမုန်းပင်တွေကို ငုံ့ကြည့်နေပြီး ပြုံးနေခဲ့တယ်လေ။ ပီးတော့ အပင်တွေကို လဲ လက်ကလေးနဲ့ ထိတို့နေပီး သဘောကျနေတဲ့အရိပ်ရဲ့ မျက်နှာထားလေးက ပြတင်ပေါက်ကနေ ကြည့်နေတဲ့ခွန်းကိုပါ ပြုံးစေခဲ့တယ်။

ကို့အရိပ်.....Tempat cerita menjadi hidup. Temukan sekarang