"ဟင်းသီးဟင်းရွက်ထွက်ဝယ်ရမှာလား , မဖြစ်သေးပါဘူး စျေးက ဘယ်နားမှာမှန်းမသိ , ဒီနေရာနဲ့လဲ စိမ်းသက်နေတယ် ဟူး.....! ဘာလုပ်ရမှာတုန်း"
ထိုစဥ် ခေါင်းထဲပေါ်လာတဲ့ အတွေးတစ်ခုနဲ့ ကြက်ဥတွေကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံ,
" ဟာ့ ကြက်ဥရယ် ဆန်လဲရှိတယ်ဆိုတော့ အိုခေ ရပီး နောက်မှ ဦးကို ပြောထားပီး အသီးအရွက်တွေ ဝယ်မယ်"
ဆို၍ မနက်စာချက်ဖို့လုပ်ငန်းစတော့သည်။ အရိပ်က ထမင်းဟင်း တွေကို ကောင်းကောင်းမွန်မွန်ချက်ပြုတ်တတ်သည်။ငယ်ငယ်တုန်းကဆို အမေက နေမကောင်းဖြစ်တာတို့ အမေစျေးသွားရောင်းတာတို့ဆို အရိပ်ပဲ ချက်ပြုတ်ရေးတွေ လုပ်ပီးမှ ကျောင်းသွားသည်။ အဲ့ကြောင့်မလို့ အချက်အပြုတ်မှာဆို အရိပ်တော်ပါသည်။
မနက်စာအတွက် ကြက်ဥထမင်းကြော် ကို ပြင်ဆင်ထားလိုက်သည်။ ထမင်းစားပွဲပေါ်တွင် အစားစာတွေကို တင်ထားလိုက်ပီး အချိန်ကိုကြည့်လိုက်တော့ ၇နာရီပင်ထိုး သွားသည်။
"ဦးမနိုးသေးဘူး ထင်တယ် "
အဲ့နောက် အရိပ် ခြံဝင်းဘက်ကိုလမ်းထွက်လျှောက်လိုက် သည်။ သူဌေးအိမ် ဆိုတော့ စျေးကြီးတဲ့ပန်းပင်တွေနဲ့အချို့သောဂမုန်းပင် တွေ ကို စိုက်ပျိုးထားသည်။ အရိပ်က ယောကျ်ားတန်မဲ့ ပန်းပင်တွေကို ကြိုက်သည်။ အထူးသဖြင့် ဂမုန်းပင်တွေကို အရိပ် ကြိုက်နှစ်သက်သည်။ အချို့သောကံကောင်းစေတဲ့ ဂမုန်းပင်တွေ ငွေဝင်စေတဲ့ ဂမုန်းပင်တွေက စျေးကြီးတယ်လေနော်, အရိပ် အဲ့အပင်တွေကို စုဆောင်းချင်တယ် ။ ဒါပေမဲ့ဝယ်မနိုင်ဘူးလေ , အရိပ်မှာ အတွေးတစ်ခု ရှိခဲ့ဖူးတယ်။ သေးငယ်တဲ့ ခြံတစ်ခြံထဲမှာသစ်သားဖြစ်ဖြစ် တဲဖြစ်ဖြစ် ဆောက်ထားတဲ့အိမ်ငယ်လေးထဲမှာ အရိပ်ရယ် မေမေရယ် ထိုအိမ်ကလေးထဲမှာအပူအပင်ကင်းမဲ့ပီး ပျော်ပျော်ရွှင်ရွှင်နဲ့ အရိပ်တို့၂ယောက်နေထိုင်ကြမယ်လို့ ပီးတော့အဲ့ဒီခြံသေးသေးလေးထဲမှာပဲ အိမ်ရဲ့ပတ်ပတ်လည်မှာ ပန်းပင်တွေ ပီးတော့ ပိုက်ဆံရရင် ဂမုန်းပင်တွေကို စုဝယ်ပီး စိုက်ပျိုး မယ်လို့ အရိပ် ကိုယ့်အတွေးနဲ့ကိုယ် ပျော်ရွှင်ကျေနပ်ခဲ့ဖူးပါတယ်။ သို့ပေမဲ့ ဟူး! မေမေ လဲဆုံးရော အဲ့အတွေးတွေကလဲ အကုန်လေထုထဲကိုမျှော်လွင့်ကုန်ကြရောလေ။
* လွမ်းလိုက်တာမေမေရယ် *
YOU ARE READING
ကို့အရိပ်.....
Romance[ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈 [ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet
Part.5[ Unicode]
Start from the beginning
