သူ့စိတ်ထဲတွင် ကျန်းယာ့ကောက အေးစက်မှောင်မိုက်သော ကမ္ဘာကြီးထဲမှ သူ့ကို ကယ်တင်ရန် ရောက်ရှိလာသော နတ်သမီးတစ်ပါးလို ထင်မြင်ယူဆခဲ့သည်။

ဖန့်ကြွယ်မင်ရဲ့ စကားတွေက လီရှစ်ကျီရဲ့ နားထဲတွင် မိုးကြိုးပစ်သံများကဲ့သို့ ဆူညံ့ပေါက်ကွဲထွက်ကုန်ကာ သူ့စိတ်တွေ ဗလာကျင်းသွားခဲ့သည်။

ကျန်းယာ့ကောရဲ့ မျက်နှာဟာ ချက်ချင်း ဖြူဖျော့သွားကာ သူ့အား အသနားခံလိုသော အသွင်ဖြင့် ကြည့်နေခဲ့သည်။

လီရှစ်ကျီသည် ဒေါသတကြီး ရယ်မောလိုက်မိသည်။ "ဟမ့်... မင်းဒေါ်လေးအတွက် ဆေးဝါးတွေယူပြီး ထောက်ပံ့ပေးခဲ့တယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား။"

"ရုပ်ရှင်ဇကရာဇ် ဖန့်ကြွယ်မင်က ဘယ်အချိန်ကတည်းက မင်းဒေါ်လေး ဖြစ်သွားခဲ့တာလဲ။"

ဖန့်ကြွယ်မင်က ဘာဖြစ်နေတာလဲ ဆိုတာကို နားမလည်ပေမယ့် ဒီကတောက်ကဆဟာ သူ့ကြောင့် ဖြစ်ပွားခဲ့တာမှန်းကို သူ သိသည်။ ကျန်းယာ့ကောကို အထင်အမြင်လွဲမှာကို မမြင်ချင်သည့်အတွက် သူ့က လေးနက်သောအသံဖြင့် ဝင်ပြောခဲ့သည်။ "ယာ့ကောက အလွန်ကြင်နာတတ်တဲ့ မိန်းကလေးပါ။ သူမက ငါ့လက်က ဒဏ်ရာကြောင့် ငါ့တစ်ဘဝလုံး နောင်တရမှာကို မမြင်ရက်လို့ သူမက အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။"

"မင်းမှ ဒီလို နားလည်ပေးတတ်တဲ့ ကောင်မလေးရှိတာကို မင်း ဂုဏ်ယူသင့်တယ်။"

လီရှစ်ကျီသည် ကံအကြောင်းမလှလို့ အောက်ခြေသို့ နိမ့်ကျသွားခဲ့သော်လည်း သူ့အနားမှာ ကျန်းယာ့ကော ဆက်ရှိနေသေးသည်။ ဖျော်ဖြေရေးနယ်ပယ်မှာ လူမျိုးစုံကို မြင်တွေ့ခဲ့ဖူးတဲ့ ဖန့်ကြွယ်မင်က ဒီလို နွေးထွေးကြင်နာတတ်တဲ့ သူမကို မြင်တွေ့ခဲ့ပြီး အလွန်အထင်ကြီးနေခဲ့တာ ဖြစ်သည်။ သူ့မှာ သူမနှင့်နီးကပ်ချင်တဲ့ အတွေးတွေရှိနေပေမယ့် သူမမှာ ချစ်သူကောင်လေး ရှိနေသောကြောင့် သူ့ခံစားချက်တွေကို မျိုသိပ်သိမ်းဆည်းထားခဲ့သည်။

ကျန်းယာ့ကောသည် ထိုစကားများကို ကြားရပြီးနောက် သူမရင်ထဲ ထိသွားခဲ့သည်။ သူမရဲ့ ကျဆင်းလာတော့မယ့် မျက်ရည်တွေကို ပြန်ထိန်းကာ ပြောလိုက်သည်။ "ကျေးဇူးပါ ကြွယ်မင်၊ ဒီကိစ္စက ရှင်နဲ့ မဆိုင်ပါဘူး။" သူမ လီရှစ်ကျီဖက်သို့လှည့်ပြီး ပြောသည်။ "ကျွန်မက ရှင့်နဲ့ ကျွန်မအကြား ပြဿနာတတ်မှာကို မလိုချင်ခဲ့ဘူး။ အဲ့တာကြောင့် ကျွန်မ ဒီလို ပြောခဲ့တာပါ။ ကျွန်မ ဒီလိုဖြစ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)حيث تعيش القصص. اكتشف الآن