DIRECTION(Part 2)

Start from the beginning
                                    

At 7:35 AM...

"ဟျောင့် ဖက်ထားတာလွှတ်တော့ ကျောင်းသွားရမယ် ထတော့အခု"

"အွန်းးးးးထပြီ"

"မောနင်း မေမေ"

"အကိုတော် အခုမှ ထတယ်နော် သားခက်သွေး ၇နာရီထဲက မင်းကိုလာနှိုးရတာ နည်းနည်းပါးပါးအားနာဦး"

"မေမေကလည်း"

"တော်စမ်း မနက်စာစားတော့ သားခက်သွေးလေးထည့်စားနော်"

"ဟုတ် ဒေါ်ဒေါ် "ခက်သွေးကတော့ ဒီအိမ်ရဲ့ အိမ်သားတစ်ယောက်လိုပင် ။

မနက်စာ စားပြီးနောက်တော့ ဦးတည်အဖေက ကျောင်းလိုက်ပို့တယ်။ပုံမှန်ဆိုရင်တော့ Driverကပဲလိုက်ပို့တာများတယ် တစ်ခါတစ်လေလောက်ပဲ ဦးဟန်ကလိုက်ပို့ဖြစ်တာ။ ကျောင်းနဲ့အိမ်က အရမ်းကြီးဝေးတာတော့မဟုတ်ဘူး လူငယ်တွေဆိုတော့ စိတ်မချလို့ လိုက်ပို့ခြင်းသာ။

ကျွန်တော်နဲ့ ဦးတည်က ငယ်ငယ်ကအတိုင်းပင် ကျွန်တော့်အသားက ပိုဖွေးလာပေမဲ့ ဦးတည်အသားကြ ညိုညိုလေးပဲ ကြည့်ကောင်းတယ်။ဦးတည်က ပါးရိုးတွေထင်ပြီး ယောက်ျားဆန်တယ်။ ကျွန်တော်ကြ ပါး ဖောင်းပြီး ကလေးရုပ်။ ကျွန်တော့်အရပ်ကရှည်ပေမဲ့လည်း ဦးတည်နှင့် ယှဥ်ရင်‌တော့ သူ့ထက်ပု​သည်။ဦးတည်ရဲ့အရပ်က 6'1" ရှိပြီး ကျွန်တော့်အရပ်ကြ5'8" ပဲရှိတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးက ရုပ်ရည်ချော တော့ ကျောင်းမှာဆို ပျိုတိုင်းကြိုက်တဲ့နှင်းဆီပွင့်လေးတွေပေါ့။ ကျွန်တော်က အရှုပ်အရှင်းကင်းသလောက် ဦးတည်ကတော့ ၇တန်းနှစ်ထဲက တစ်ယောက်ပြီးတစ်ယောက်တွဲကာ Play boyလုပ်နေလေရဲ့။

"ဟျောင့် ခက်သွေး ဘာတွေတွေးနေတာတုန်း"

"စော်လေးတွေအကြောင်းတွေးနေတာ"

"ဟ ဟ ပဲရမယ် မင်းလိုကောင်လား စော်အကြောင်းတွေးမှာ စကား‌ေတာင်မပြောဖူးပဲများ"

"ငါက စကားပြောချင်ရတယ်လေ ဘယ်အကောင်တုန်း စော်လေးတွေစကားလာပြောတိုင်း ဖြတ်ဖြတ်ပြီး စကားဝင်ပြောတာ"

"ဒါကတော့ သူတို့သာ မင်းကိုသဘောကျရင် ငါ့စီပါလာမှာ မဟုတ်ဘူးလေ မင်းကရုပ်ဆိုးနေတော့ ပိုချောတဲ့

ငါ့စီပါ လာတာပေါ့"

"အရမ်းမဟုတ်တာတွေ အာချောင်တာပဲနော် မင်းက"

"မင်းကိုကိုက ပိုချောတယ်ဆိုတာတော့ ဝန်ခံလိုက်စမ်းပါ အချစ်ကလေးရဲ့"

"l33ကို ကိုကို l33ကိုအချစ်ကလေး"

"စတာပါဗျာ"

'စောစောစီးစီး အကုသိုလ်အတောင့်လိုက်ရတယ် ဒီနွားတစ်ကောင်နဲ့တော့ စိတ်ထိန်းစိတ်ထိန်းခက်သွေးရေ ဒီ‌ေကာင့်ကိုက သူငယ်ချင်းအဖြစ်ကနေလည်း စွန့်လွှတ်လို့က ရမှာမဟုတ်ဘူး ဟွန်းးး ငါ့နှယ့်နော် အသေသာရိုက်သတ်ပြစ်ချင်တော့တယ် ဘာမမဟုတ်တဲ့ဒီကောင်ကိုသတ်ပြီးတော့လည်း ထောင်ထဲကမဝင်နိုင်ဘူး' မကျေနပ်ချက်တွေတွေးပြီး မျက်စောင်းတထိုးထိုးနဲ့ ခက်သွေးတစ်ယောက် ကျောင်းရောက်တဲ့ထိအခဲမကျေနိုင်သေး။

... ... ... ... ... ... ...

28.9.2023

H:ငယ်ဘဝပုံရိပ်လေးတွေအများကြီးထည့်ရေးချင်ပေမဲ့ ဇာတ်လမ်းအရမ်းရှည်သွားမယ်ထင်လို့ လူငယ်ဘဝကို တန်းကူးလိုက်ပါတယ်နော်။ ဒီficလေးနဲ့ ပတ်သက်ပြီးလိုအပ်ချက်များကို ဝေဖန် အကြံပေးကြပါဦး။လိုအပ်ချက်လေးတွေကို အတတ်နိုင်ဆုံးလိုက်ပြင်နိုင်အောင်လို့ပါ။

DIRECTIONWhere stories live. Discover now