"ဦးတည်ရာ"
"ခက်သွေးအရိပ်စစ်"
ခြံဝန်းထဲပြေးလွှားဆော့ကစားနေကြသောကလေးနှစ်ယောက် တစ်ဦးမှာ အ သားခပ်ညိုညိုစိမ့်စိမ့်လေးဖြစ်ပြီး တစ်ဦးမှာတော့ အသားဖွေးကာပန်းရောင်ပြေးနေလေသည် အသားဖြူသောကောင်လေး၏အရပ်မှာ ညိုသောကောင်လေး၏ နားရွက်လောက်သာရှိပေသည်။
"ဟျောင့် ဦးတည်မင်းကညစ်တယ်ကွာ အကျင့်မကောင်းဘူး"
လိုက်လို့မမှီတော့သောအခါ မကျေမနပ်ထွက်ပေါ် လာသော ခက်သွေးရဲ့အသံသေးသေးလေး။
"ဟော ငါဘယ်မှာညစ်လို့လဲကွ မင်းမှီအောင်လိုက်လေ သူလိုက် လို့မမှီတိုင်း သူများကိုညစ်တယ်လို့ လာပြောနေသေးတယ်"
"ငါဘယ်လိုလို့မှီမှာလဲကွ မင်းကလူလိုပြေးနေတာမှမဟုတ်ပဲ နွားကြီးရဲ့ ပြီးတော့မောတယ်ကွ"
"အမယ် ငါ့ကိုများနွားတဲ့ ငါ့ကို ကိုကိုလို့ခေါ်လေ အရှိန်လျော့ပြီးပြေးပေးမယ်"
"ဘာလို့ခေါ်ရမှာလဲကွ မခေါ်နိုင်ဘူး"
"မခေါ်နိုင်ရင် မင်းရဲ့ကိုကို ကိုမှီအောင်လိုက်ပေါ့ခက်သွေးရဲ့ blah blah"
"သားတို့ရေ တော်လောက်ပြီလေ နေတွေတအားပူနေတာကို လာကြ အိမ်ထဲဝင်ကြတော့ အသီးစားမယ်"
ဒေါ်ခင်သန္တာအသံကြားတော့ ကလေးနှစ်ယောက်တစ်ပြိုင်နက်
"ဟုတ်ကဲ့ အန်တီ"
"လာပြီ မေမေ" ဆိုကာ အိမ်ထဲအပြိုင်ပြေးကြပြန်ရော။
"သားတို့ရယ် ဖြေးဖြေးလာကြပါကွာ ခလုတ်တိုက်လဲဦးမယ်" ဒီတစ်ခါတွင်တော့ ဦးတည်ရဲ့ အဖေ ဦးဟန်လင်းထိုက်ပြောလိုက်ခြင်းဖြစ်သည်။
"ဖြေးဖြေးလာလို့ရဘူးဦးဟန်ရဲ့ အဲ့ကောင်အကျင့်ပုတ် ဦးတည် သားရဲ့အသီးတွေကိုလုစားသွားမှာပေါ့ဗျ"
"အမယ် မင်းစားနေတာ ငါ့အိမ်က ငါ့မေမေဝယ်ထားတဲ့ အသီးတွေနော်"
"စားတော့ဘာဖြစ်လဲ စားတော့ဘာဖြစ်လဲ အန်တီဝယ်ထားတာလေ မင်းဝယ်ထားတာမှမဟုတ်တာကို ဟွန့်"
YOU ARE READING
DIRECTION
RomanceDIRECTION D:ခက်သွေးလေး ကိုကိုလို့ခေါ်ချင်ဘူးလား K: ခေါ်ချင်တာပေါ့ နွားလေးရဲ့