အချပ်ပို...🌼

267 27 28
                                    

"ဦးငယ်ရေ နေ့လယ်စာဝယ်ကျွေးပါလား"

အသံဆာဆာလေးနဲ့အတူ မျက်နှာလေးမလန်းပေမယ့် ခုန်ဆွခုန်ဆွနဲ့ဝင်လာတဲ့ ယုန်ကလေး တကောင်။ ဘယ်သူလဲ မေးစရာမလို ဦးငယ်ရဲ့ ချာတိတ် ငယ်ပါပဲ။ CEO ရုံးခန်းကို တံခါခေါက်စရာမလို ချောင်းပေါက်အောင် ဝင်နိုင်ထွက်နိုင်တာ ဒီကလေးမှလွဲ နှစ်ယောက် မရှိဘူး မဟုတ်လား။ ဒီနေ့ကလေး ကျောင်းနားရက်မလို့ အိပ်ရေးဝဝအိပ်စေဖို့ မနိုးပဲ ကွန်ဒိုမှာ ထားခဲ့တာဖြစ်သည်။ နိုးနိုးချင်း သူ့ရုံးခန်းဆီ ဦးတည်လာတဲ့ ကလေးဟာ တကယ် ငချွဲကလေးပါပဲ။ရုံးခန်းထဲရောက်တယ် ဆိုရင်ပဲ သူ့ဦးငယ်ထိုင်နေတဲ့ ခုန်ကိုဘေးဘက်လှည့်ချပြီး ပေါင်ပေါ်ခွထိုင်လိုက်တဲ့ ကလေး။ သူ့ဦးငယ် ပခုံးပေါ်မှီရင်း မျက်လုံး​တွေ မှိတ်ပြီး မှေးနေတဲ့ကလေးပါးလေးဆီက ခံစားလိုက်ရတာက ကိုယ်ငွေ့နွေးနွေး။ မဟုတ်မှ ကလေးဖျားနေတာလား...။

"ချာတိတ် ခဏကိုယ့်ကိုကြည့်အုန်း ကိုယ်ငွေ့ရှိနေတာ
နေမကောင်းဘူးလားကလေး"

"ဟုတ်မယ် မနက်က အိပ်ယာထတည်းက
နေရတာတမျိုးကြီးပဲ ဦးငယ်နားပဲကပ်နေချင်နေတယ်"

ကလေးက မျက်လုံးတွေမှေးထားရင်းပဲပြန်ပြောနေတာမလို့ ဒီကလေးဖျားနေတာ သေချာသွားသည်။ နဖူးလေးပေါ် ​ ဆော့ဂျင်း လက်ဖဝါးတင်စမ်းမိတော့ ပူးကျစ်နေတဲ့ ကိုယ်ငွေ့လေး။ ဒါကြောင့် ချာတိတ်ငယ်က ဝင်ဝင်လာချင်း သူ့ဦးငယ်ပေါင်ပေါ် တန်းရောက်လာတာ။ မဟုတ်ရင် နေ့လယ်စာမမှာပေးမချင် ဂျစ်တိုက်ပြီး အစားမြင်မှ သူ့ဦးငယ်နားကပ်တဲ့ ချာတိတ်။ ဒီကလေးက ဖျားနေရင် သိပ်အားငယ်တတ်တဲ့ကလေး သူ့ဦးငယ်ကိုပဲ ဖက်တွယ်ထားချင်တဲ့ ပိုလာဝက်ဝံလေး။

"ဟုတ်တာပဲ ကလေးအဖျား ရှိနေ တာ"

"အွန်း...အဲ့ဒါကြောင့် ဦးငယ်ဖက်ထားပေး"

"မအိပ်နဲ့အုန်းကလေး ကိုယ်တခုခုမှာပေးမယ်
စားပြီး ဆေးသောက်ရအောင် ပြီးမှကိုယ့်ကွန်ဒိုပြန်ပြီး
အိပ်နော် လိမ်မာတယ် ကလေး​လေးက..."

"အင်း အဲ့ဒါဆိုမြန်မြန်မှာ မျက်လုံးတွေပူနေတယ်
မျက်လုံး မဖွင့်ချင်တော့ဘူး"

STAR ll Jinkook ll ⭐Where stories live. Discover now