"သွားမယ်လေ.... ကားက ကိုယ်မောင်းမယ်"
သူ စိတ်လျှော့ကာ ယူဂျင်းကိုဆေးရုံစီမောင်းပို့ပေးတယ်။
လမ်းမှာ minimart ထဲ လက်ဆောင်ဝင်ဝယ်တော့လဲ စိတ်ရှည်လက်ရှည်စောင့်ပေးရှာတယ်။
ဆေးရုံရောက်တော့ အပြင်မှာစောင့်နေမယ်ဆိုပြီး အခန်းထဲကို သူလိုက်မဝင်လာပါ။"သမီး ကိစ္စရှိလို့လား"
အနောက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ ယူဂျင်းကို အဒေါ်ကရိပ်မိသွားပုံပါ။
"မရှိဘူး ဒေါ်လေးရဲ့ ၊ ဝန်ယောင်း အပြင်မှာလျှောက်သွားရင်းလမ်းပျောက်နေမှာစိုးလို့"
"ယူဂျင်းရယ် သူလဲကလေးမှမဟုတ်တာ"
ကလေးမဟုတ်လို့ ပိုစိတ်ပူကြောင်းကို ရယ်မောနေတဲ့အဒေါ် သိအောင် မပြောပြဖြစ်ပါ။
တစ်နာရီလောက်စကားပြောပြီး ပြန်ထွက်လာတော့ ထင်တဲ့အတိုင်း ဝန်ယောင်းရှိမနေ။
သိပ်တော့မရှာလိုက်ရ ၊ ကော်ရစ်တာအဆုံးကခုံတန်းလေးပေါ်မှာ ကလေးမတစ်ယောက်နဲ့စကားပြောနေတဲ့ ဝန်ယောင်းကိုတွေ့လိုက်ရတယ်။
ကလေးမက လူနာဝတ်စုံနဲ့ ငယ်ဦးမယ့်ပုံ.... လက်တစ်ဖက်က ဆေးပုလင်းချိတ်ထားရတယ်။ဝန်ယောင်းက ကြင်နာမှုအပြည့်နဲ့စကားတွေပြောနေသလောက် ကောင်မလေးရဲ့မျက်လုံးတွေက နေမကောင်းတဲ့ပုံစံမပေါက်ဘဲ စူးရဲနေတယ်။
အဲ့အကြည့်တွေကို မကြိုက်လိုက်တာနော်....."ဝန်ယောင်း.... "
သူတို့ဆီယူဂျင်းရောက်တော့ မော့ကြည့်လာတဲ့ ဝန်ယောင်းအကြည့်က ဖြူစင်နေသော်ငြား ကောင်မလေးက မှုန်ကုပ်သွားတယ်။
"ဘေဘီ ပြီးပြီလား ၊ ပြန်တော့မလား"
"အင်း "
"အဲ့ဒါဆို ကလေးလေး.... မမသွားဦးမယ်နော်"
ကောင်မလေးက အပြုံးနဲ့ခေါင်းငြိမ့်ပြတယ်။
ဝန်ယောင်းလက်မောင်းကို တမင်ပဲချိတ်လို့ထွက်လာခဲ့လေတော့ ယူဂျင်းအဖြစ်ကို သူရိပ်မိပုံရပါတယ်။"ကလေးနဲ့တောင် သဝန်တိုရတယ်လို့.... "
"ဟင်! ! ဘာလို့ကလေးရမှာလဲ ၊ မင်းမှာမျက်စိမပါဘူးလား"
အပိုင်း-၃၂
Start from the beginning