ယူဂျင်းရဲ့ဖြောင့်စင်းတဲ့ ဆံနွယ်တွေကိုဆံပင်ဆရာက စတင်ကိုင်တွယ်ကာထုံးဖွဲ့တယ်။
ယူဂျင်း မှန်ရှေ့မှာ မလှုပ်မယှက်လေးထိုင်နေပြီး မှန်ထဲမှာ ပုံရိပ်အဖြစ်ပေါ်နေတဲ့မိန်းကလေး အားကြည့်နေမိပါတယ်။
မိန်းကလေးရဲ့ မျက်လုံးထဲမှာ ကြည်နူးရိပ်များ သမ်းနေကာ ထိရက်စရာ မရှိအောင်လှပနေ၍ ကြီးမားပြန့်ကားနေသည့် အဖြူရောင်ဂါဝန်ကြီးကိုဝတ်ဆင်ထားလျှက်ရှိပါတယ်။စိတ်လှုပ်ရှားမှုကြောင့်သူမပါးပြင်လေးနှစ်ဖက်ပန်းရောင်သမ်းလာပြီဖြစ်ကာပေါင်ပေါ်ရှိဂါဝန်စလေးနှစ်ဖက်အား..ဆုပ်ကိုင်ထားမိတယ်။
"အဟင်း..ညီမလေး..စိတ်လှုပ်ရှားနေတာလား”
"ဟုတ်ကဲ့.. နဲနဲ..”
ဆံပင်ဆရာက စိတ်လှုပ်ရှားနေတဲ့ ယူဂျင်းကို
ရိပ်မိသွားကာပြုံး၍မေးလိုက်ခြင်းပါ။
အဲ့လောက်ထိပဲ..သိသာနေပြီလား။
ကိုယ့်အဖြစ်ကိုကိုယ်ပြန်တွေးရင်းနှင့်ပင်သဘောကျကာရယ်လိုက်မိတယ်။
အခုလောက်ဆို ဝန်ယောင်းက သူမအလာကိုစောင့်နေရောပေါ့။"အို..ကြည့်ပါဦး..လှလိုက်တာ…ကြွေရုပ်လေးအတိုင်းပါပဲလား........ မေမေ့သမီးလေးက”
"မေမေကတော့ မြှောက်နေပြန်ပြီ နော် "
"မေမေ့ရဲ့သမီးလေးကဘာမှပြင်မထားလဲလှပြီးသားပါနော်..ဟော..အခုလိုလေးပြင်လိုက်တော့လည်း..မြင်သူငေးရပြန်ပြီ”
"မေမေကလည်း”
"အဟင်း..ရှက်သွားပြီ..ရှက်သွားပြီ..”
ယူဂျင်းတို့.တစ်ယောက်နှင့်တစ်ယောက်စနောက်နေစဥ် တယ်လီဖုန်းထမြည်လာကာ..မိန်းကလေးတစ်ဦးရောက်လာ၍ဖုန်းကိုင်လိုက်တယ်။
"ဟယ်လို...ဟုတ်ကဲ့ရှိပါတယ်ရှင့်.....ဟုတ်အားလုံးပြင်ဆင်ပြီးပါပြီ အော်ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်ရှင့်”
"မမလေး...သူဌေးကတော်က..မကြာခင်..မမလေးအတွက် ကားတစ်စီး ...လွှတ်လိုက်ပါမယ်တဲ့အသင့်ပြင်ထားပါတော့တဲ့”
"ကဲ...သမီးယူဂျင်း..နောက်ဆိုမေမေတို့...မေမေ
တို့ထပ်တွေ့ရဖို့ကမသေချာတော့ဘူးကွယ်..လာပါဦး တစ်ခါလောက်..ဖက်ပါရစေဦး”