အခန်း ၁၄

Começar do início
                                    

လွမ်စန်းညန်က ယုံကြည်မှုနှင့် ပြုံးလာသည်။ "သေချာပေါက်ပေါ့ စစ်မေ့ စိတ်မပျက်စေရဘူး"

"စစ်မေ့ ဒီကိစ္စကို စစ်မေ့ကို မမပြောပြရတာက မမက စစ်မေ့နဲ့ အခါးရည်ဆိုင် တူတူဖွင့်ပြီး ငွေစတွေ ရှာချင်လို့။ ဒီငွေစတွေက မမတို့ကြားထဲမှ ၉ချိုး၁ချိုးနဲ့ ခွဲကြမယ်။ တစ်ချိုးက စစ်မေ့ ကိုးချိုးက မမ။ ဒီခွဲဝေတာကို နည်းတယ်လို့ မထင်နဲ့။ စစ်မေ့နာမည်ထည့်ရုံကလွဲပြီး စစ်မေ့က ဘာမှ လုပ်စရာမလိုဘူးလေ"

လွမ်ရှီက လွမ်စန်းညန်ကို ထူးဆန်းစွာ ကြည့်လေသည်။ သူမကို ငွေစတွေရဲ့ တစ်ချိုးပေးတာက လွန်စန်းညန်တစ်ခုခုလုပ်မည့်ပုံနှင့် မတူပေ။

"မထိုက်တန်ဘူးဆိုရင် ဆုလာဘ်ကို လက်မခံနိုင်ဘူး" သူမက သွယ်ဝိုက်သည့်နည်းနှင့် ငြင်းဆိုလေသည်။

"စစ်မေ့ ငြင်းဖို့ အလျင်စလိုမလုပ်နဲ့။ တကယ်တော့ မမက မျိုးနွယ်စုနဲ့ ပတ်သက်ချင်တာကြောင့် မဟုတ်ဘဲ စစ်မေ့ကတစ်ဆင့် ဝမ်ကုန်းဇီရဲ့ သြဇာကို ချေးငှားချင်တာကြောင့်ပါ။" လွမ်စန်းညန်က အလွန်ပြတ်သားနေသည်။

ဝမ်ကုန်းဇီ၏ သြဇာလွှမ်းမိုးမှုကို ချေးငှားတာအတွက်က အကျိုးကျေးဇူးများစွာ ရှိ၏။ သူမရေးမည့် စာအုပ်တွေဟာ ချက်ခြင်းရေပန်းစားလာမှာ ဖြစ်ပြီး သူမရဲ့ စိတ်ကူးတွေနှင့် လက်ဖက်ရည်ဆိုင်လုပ်ငန်းက လူတွေ မျက်လုံးနီရဲလာသည်အထိ ရေပန်းစားလာမှာဖြစ်သည်။ ဝမ်ကုန်းဇီနှင့် ပတ်သက်တာကတော့ သူမရဲ့ စတုတ္ထညီမလေး၏ စေ့စပ်ကြောင်းလမ်းထားသူမို့လို့ အစောပိုင်းအဆင့်တွေမှာ လူအများကြားထဲ သူမ၏ ကျော်ကြားမှု ပျံ့နှံ့စေရန် ဝမ်ကုန်းဇီ၏ ဂုဏ်သတင်းကို ငှားယူမည်ဖြစ်ပြီးတော့ နောက်ပိုင်းအဆင့်တွေမှာ သူက ကျောထောက်နောက်ခံ ဖြစ်လာနိုင်သည်။

အရာအားလုံးအောင်မြင်ခဲ့လျှင် သူမက မျိုးနွယ်စုနှင့် မသက်ဆိုင်သည့် ငွေစတွေကို သူမ ရရှိနိုင်ပြီး သူမရဲ့ အကျင့်မကောင်းသည့် အဖေက ကြားဝင်ချင်ရင်တောင်မှ သူမက ဝမ်ကုန်းဇီကို ထုတ်ပြနိုင်သည်။

နောက်ဆက်တွဲအကျိုးဆက်ကို သူမစိုးရိမ်လို့သာ သူမက စစ်မေ့အား ငွေတွေရဲ့ သုံးချိုးတစ်ချိုးသာ ခွဲဝေပေးဖို့ လိုပြီး သူမက သူမရဲ့ ငွေတွေကို ပျော်ပျော်ကြီး ရရှိနိုင်မည်ဖြစ်၏။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Onde histórias criam vida. Descubra agora