Chapter 5 (The Joy of Love)

12 4 0
                                    

The Joy of Love

BTS အဖွဲ့ဝင်တွေ အားလုံးက ဒီလိုခက်ခဲတဲ့အရာတိုင်းကို ဖြတ်သန်းနေကြပေမယ့် LOVE YOURSELF စီးရီးက သူတို့အတွက် အရေးကြီးတဲ့အရာတစ်ခုလို့ အဓိပ္ပါယ်ရပါတယ်။
2015 ကနေ 2017 အစောပိုင်းအထိ ကျော်ကြားခဲ့တဲ့ သူတို့ရဲ့ကျော်ကြားမှု့က BTS နဲ့ Big Hit Entertainment တို့လိုချင်ခဲ့တဲ့ အရာအားလုံးကို လက်တွေ့ဖြစ်လာစေပါပြီ။ ရိုးရှင်းစွာပြောရရင် Big Hit Entertainment ဂီတထုတ်လုပ်သူ Pdogg က အမေရိကမှာ အသံအင်ဂျင်နီယာများအသုံးပြုတဲ့ အလားတူကိရိယာကိုတောင် ဝယ်ယူနိုင်ခဲ့ပါပြီ။ LOVE YOURSELF စီးရီးကို သူ့ရဲ့ကိုယ်ပိုင် စတူဒီယိုမှာ အသံသွင်း ထုတ်လုပ်စေခဲ့ပါတယ်။ ဒီအခြေခံအုတ်မြစ်နဲ့ BTSက အယ်လ်ဘမ်တစ်ခုလုံးရဲ့အသံပိုင်းအတွက် သူတို့လိုချင်တဲ့လမ်းကြောင်းကို ချမှတ်နိုင်ရုံသာမကပဲ သီချင်းတစ်ပုဒ်စီအတွက် တိကျတဲ့ပုံရိပ်များကိုလည်း ရေးဆွဲပေးနိုင်ပါတယ်။

"DNA" က LOVE YOURSELF 承 'Her' ရဲ့ ခေါင်းစဉ်သီချင်းဖြစ်ပြီး ပြင်းထန်တဲ့ ကကွက်ပုံစံနဲ့ တွဲလျက် ဖျော်ဖြေရပေမယ့် ဇာတ်ကြောင်းပြောသူနဲ့ နားထောင်သူတို့ရဲ့ တွဲဖက်စပ်ကြား ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေးကို ဖော်ပြနေသလိုပါပဲ။ "DNA" ရဲ့အသံက သူနဲ့ ကိုက်ညီပြီးမှ နောက်တဆင့်ကို ဖန်တီးပေးပြီး စည်းချက်ရဲ့ပြင်းထန်မှုကို ထိန်းသိမ်းထားတာမျိုးပါ။
ဒီအသံဦးတည်ချက်က တေးဂီတအားဖြင့်တော့ အယ်လ်ဘမ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ ဇာတ်လမ်းများကို ပြောပြ‌နေသလိုပါပဲ။

Love Yourself 承 'Her ရဲ့ အဖွင့်သီချင်းဖြစ်တဲ့ ' "Intro: Serendipity" နဲ့  LOVE YOURSELF 轉 'Tear' အဖွင့်သီချင်းဖြစ်တဲ့ "Intro: Singularity" ကဆန့်ကျင်ဘက်ဖြစ်တဲ့ ချစ်ခြင်းမေတ္တာပုံများကို တင်ပြထားပြီး သူတို့ရဲ့အသံများကိုလည်း လုံးဝကွဲပြားတဲ့ နယ်ပယ်များကို ဖန်တီးပေးထားပါတယ်။

Jimin က "Intro: Serendipity" ကိုသီဆိုပြီး "Providence of thenuniverse" အဖြစ်တစ်စုံတစ်ဦးကိုချစ်မြတ်နိုးကြောင်းဖော်ပြကာ "your flower" လို့သူ့ကိုယ်သူရည်ညွှန်းထားပါတယ်။ သီချင်းစာသားတိုင်းက စီစဉ်ထားတဲ့အတိုင်း တောက်ပပြီးဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ တီးလုံးထွက်ပေါ်လာတဲ့ တစ်စိတ်တစ်ပိုင်းနဲ့ နှေးကွေးတဲ့ စည်းချက်က ပန်းခင်းတစ်ခုအတွင်း Jimin ကခုန်နေသလိုကို ခံစားရစေပါတယ်။

BEYOND THE STORYWhere stories live. Discover now