"မင်းရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

အန်းထုံသည် သူမနှလုံးသားထဲမှ အော်ဟစ်သံကို မျိုသိပ်ထားပြီး မျက်နှာကို သူ့မ လက်နှစ်ဖက်နဲ့ ဖုံးအုပ်ထားလိုက်မိသည်။  သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ကျီယွီရဲ့လက်ကို ဆုပ်ကိုင်ထားပြီး သူမနှလုံးသားသည် ရင်ခုန်စိတ်လှုပ်ရှားမူ များပြားလာကာ ကျီယွီရဲ့လက်ကို ရိုက်ပုတ်မိသည့် အထိပါပဲ။

ထို့နောက် ကျီယွီကရုတ်တရက် မေးလိုက်တယ်

"ပိုင်ဟွိုင်ယု ဆိုတဲ့ ကြယ်လေးကို ရှာနေတာ မဟုတ်ဘူးလား လာ သွားကြမယ်.."

"မကောင်းပါဘူး၊ နံရံပေါ်က ဆိုင်းဘုတ်အသစ်က ပူနေသေးတယ်လို့ ခံစားရတယ်။ ရည်းစားဟောင်းကို ရှာနေတာက အကြောင်းတစ်ခုခု ကြောင့် အပြစ်ရှိသလို ခံစားရတယ်ဟ"

ကျီယွီ မျက်လုံးပြူးသွားပြန်သည်၊ သူမသည် ကြယ်များကို လိုက်ဖမ်းရမှန်း မသိသလို၊ ကြယ်ကြီးမည်မျှပင်ရှိစေကာမူ ဗိုက်ထဲက အရသာရှိသော အစားအစာကို စားရသည်ကိုပဲ ပိုနှစ်သက်သည်။

ဒါပေမယ့် အဲဒီကြယ်လေးဟာ တကယ်ကို ရုပ်ရည်ချောမောတာကြောင့် အန်းထုံက နံရံကိုတက်တာနဲ့ တခြားသူတွေကို အပြစ်ရှိတယ် လို့ ခံစားရတာ အံ့ဩစရာမရှိပါဘူး။

နှစ်ယောက်သား ဝမ်းသာအားရ စကားစမြည်ပြောကြသော်လည်း သူတို့ရဲ့စကားသံတွေကို တစ်စုံတစ်ယောက်က  ကြားလိုက်ရသည်ကို မသိခဲ့ကြပေ။

လက်ထောက်ရှောင်လီ သည် မှုန်ကုပ်ကုပ်နေသည့် မျက်နှာနှင့် သူမတို့ကိုကြည့်နေလေသည်။ ထို့နောက် မကျေမနပ်အသံဖြင့်..

"မစ္စတာပိုင် ဒီလူငယ်နှစ်ယောက်က ဘာမှမသိပဲ ပြောနေကြတာပါ မင်းမှာ သူတို့ထပ် ပိုပြီး ဂရုစိုက်တဲ့ လူတွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိတယ်.. မင်းမှာ ပရိတ်သတ်တွေအများကြီးပါပဲ.."

ပိုင်ဟွိုင်ယုရဲ့ ကြည်လင်သော မျက်လုံးများက မှေးကျဥ်းနေပြီး သူရဲ့ အပြုံးကလည်း အေးစက်နေသည်။

"သူတို့ ရှာနေတဲ့လူက စစ်ဟွိုင်ရှီး ဖြစ်နေပုံပဲ..ဟမ်....."

လက်ထောက်ရှောင်လီကတော့ ထို့နှစ်ယောက်ကို ဆူပူကြိမ်းမောင်းလိုက်သည်။ မသက်ဆိုင်သော ပရိတ်သတ်နှစ်ယောက်က နံရံပေါ်သို့ တက်ခဲ့ကြသောကြောင့် သူ့မျက်နှာက ထားစရာမရှိအောင်ပင် ရှက်ရွံသွားမိသည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Où les histoires vivent. Découvrez maintenant