အပိုင်း-၂၃

Depuis le début
                                    

ကျန်သူတွေကတော့ နိုင်ဝေသိသူတွေပါသလို၊ မသိသူတွေလည်းပါသည်။ ဟိုဟိုဒီဒီသတင်းတွေကြား အမှန်တရားကဘာလဲဆိုတာ အကဲစမ်းချင်နေကြသူတွေက ခပ်များများဖြစ်၏။ အဆိုးဆုံးက အစ်ကို... အစ်ကိုကို့တော့ နိုင်ဝေလုံးဝရှောင်ချင်သည်။ အတိတ်က လေးစားခဲ့ရသော ဆရာ၊ အားကျခဲ့ရသည့် စီနီယာ၊ တွယ်တာချင်ခဲ့သော အမျိုးသားကိုတော့ ထပ်ပြီးမတွေ့ရဖို့ အခါခါမျှော်လင့်ခဲ့ဖူးသည်။ သို့သော်လည်း နိုင်ဝေ့ဆုတောင်းမပြည့်ပါ။ အစ်ကိုဟာ သူရဘေးမှာထိုင်ရင်း နိုင်ဝေ့ဆီလှမ်းလှမ်းကြည့်နေသည်။ ပြန်မကြည့်ပေမဲ့ နိုင်ဝေ့အသိစိတ်ကမလိမ်။ သူရနှင့် စကားစမြည်ပြောရင်း အစ်ကို့မျက်ဝန်းတွေ နိုင်ဝေ့ဆီရောက်နေတာသတိထားမိသည်။

သူတို့ပြောနေကြတာ အစ်ကိုနဲ့ နိုင်ဝေ့ကြားက ကိစ္စတွေလား။မဖြစ်နိုင်တာ သေချာသည်။ အစ်ကိုက ထိုအကြောင်းတွေကို မြေကြီးထဲအထိ သယ်သွားမည့်လူမျိုးဖြစ်သည်။ ဖြစ်သင့်တာကို ဦးစားပေးလွန်းတဲ့ တစ်ကိုယ်ကောင်းဆန်သူ အစ်ကိုမှာ မလုပ်နိုင်တာမရှိ။ ရှိလျှင် ဒါဟာ နိုင်ဝေနှင့်ပတ်သက်ခဲ့သည့် အကြောင်းအရာတွေကို သေတဲ့အထိထုတ်မပြောနိုင်တာပဲဖြစ်လိမ့်မည်။

သက်ပြင်းမချမိအောင်ထိန်းရင်း နိုင်ဝေ့အကြည့်တွေက ခန်းမအဝင်ဝဆီ အခါခါရောက်လို့သွားသည်။ အဝင်ဝကောင်တာမှ လူငယ်တချို့ကလွဲလျှင် ကျန်တာမရှိ။ ခဏပဲနော်ဆိုတာ ထွက်သွားသည့် ခြေသံလေးကို နိုင်ဝေမျှော်နေမိသည်။ ခဏလေးမဟုတ်တော့။ ကောင်လေးသွားတာ တစ်နာရီလောက်ရှိတော့မည်။ သဘောရိုးမှ ဟုတ်ရဲ့လားဟုပင် သံသယဝင်လာ၏။ ဒေါ်သက်သင်းခိုင်များ ပထုတ်လိုက်သည်ဆိုလျှင် ကောင်လေးအတွက် အန္တရာယ်ဖြစ်နေနိုင်သည်။အတွေးကြောင့် နိုင်ဝေရင်တစ်ခုလုံး ပူတက်လာ၏။

"ကျန်နေတဲ့ ဆုမဲလိပ်တွေ ယူယုံပါပဲအစ်ကိုရာ။ အမေသေချာမှာရဲ့သားနဲ့မေ့တာသိရင် ကျွန်တော်အသတ်ခံရလိမ့်မယ်"

ပုံမှန် ကောင်လေးနဲ့ တွဲသွားတွဲလာကလေးမို့ ကောင်လေးအင်တင်တင်လုပ်နေတုန်းက မတားမိလိုက်။ နိုင်ဝေ့မျက်နှာကိုကြည့်ကာ စိတ်မချဟန်လုပ်နေတာကိုပင် မသိကျိုးကျွန်ပြုရင်း သွားစေရန်တိုက်တွန်းမိခဲ့သေးသည်။ ဒေါ်သက်သင်းခိုင်နှင့် အတူယှဉ်ရပ်နေသည့် နိုင်ဝေ့ထံ လှည့်ကြည့်လှည့်ကြည့် နောက်ဆံတင်းနေသူကို မျက်နှာလွှဲခဲ့သူဟာ ကိုယ်တိုင်ပဲဖြစ်သည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Où les histoires vivent. Découvrez maintenant