Taehyung အခုလက်ခံထားတဲ့ ဇာတ်လမ်းက ရုပ်ချောတဲ့ လူသတ်သမားဇာတ်ကောင် ဖြစ်သည်။ Villain နေရာဆိုပေမယ့် အဓိကဇာတ်ကောင်အပိုင်းမှာ ပါဝင်သည်။ အဓိကမင်းသားက မင်းသမီးနဲ့ Romance အခန်းအနည်းငယ်သာ ပိုပါပြီး Taehyung ပါဝင်မယ့် အခန်းကလည်း မနည်းပေ။

ပရိတ်သတ်တွေရဲ့ အမုန်းခံရမယ့် ဇာတ်ရုပ်ဆိုတော့ အစပိုင်း Taehyung စိုးရိမ်ခဲ့သေးသည်။သို့ပေမယ့် ကံကောင်းရင် သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ တစ်ဖက်ခြမ်းကို ထုတ်ပြနိုင်တယ်လို့ Jimin ကအားပေးလာမှ သူ့စိုးရိမ်မှုက အနည်းငယ် သက်သာသွားခဲ့တာဖြစ်သည်။ ပြီးတော့ Jimin ကပြောသေးတယ် 'အခုနောက်ပိုင်း Villain တွေကို ပိုကြိုက်လာကြတယ်' တဲ့။

ဇာတ်ညွှန်းဖတ်ပွဲနေရာကို ရောက်တော့ Taehyung လူတိုင်းကို လိုက်နှုတ်ဆက်လိုက်သည်။Jimin ကတော့တခြားလက်ထောက်တွေနည်းတူ အပြင်မှာ ကျန်နေခဲ့သည်။

လူတိုင်းစီစဥ်ထားတဲ့ နေရာအသီးသီးမှာ ထိုင်ပြီးတာနဲ့ ဇာတ်လမ်းနဲ့ပတ်သတ်ပြီး စတင်ဆွေးနွေးကြသည်။ ထို့နောက် သရုပ်ဆောင်တွေက ကိုယ့်Role အလိုက် ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ကိုပြောပြီး အပြန်အလှန်သရုပ်ဆောင်ကြည့်ကြသည်။

Taehyung သရုပ်ဆောင်တာကိုမြင်ပြီး ခနအကြာမှာပဲ ဒါရိုက်တာကြီးရဲ့မျက်နှာမှာ အပြုံးအကြီးကြီးပေါ်လာခဲ့သည်။

အစတုန်းကတော့ ဒါရိုက်တာကြီးက ရင်းနှီး​မြုပ်နှံသူရဲ့သဘောထားကြောင့်သာ Kim Taehyung အားဒီဇာတ်လမ်းမှာ လက်ခံခဲ့တာဖြစ်သည်။ ဒီခေတ်ကသိတဲ့အတိုင်းပဲလေ နာမည်ကြီးလာတာနဲ့ သရုပ်ဆောင်သိပ်မကောင်းရင်တောင် ခေါ်ရိုက်ချင်ကြတဲ့သူတွေချည်းပဲ။ထို့ကြောင့် Kim Taehyung ကနာမည်ကြီးတယ်ဆိုပေမယ့် ဒါရိုက်တာကြီးအတွက်ကျ သရုပ်ဆောင်အသစ်လေးတစ်ယောက်သာသာပင်။

သို့ပေမယ့် ဇာတ်လမ်းအတွက် ဒီအတိုင်းတော့ လက်ခံခဲ့တာမဟုတ်.. Kim Taehyung သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကိုကြည့်ပြီးမှ ထင်သလောက်မဆိုးတာကြောင့် 'ဒီလောက်သရုပ်ဆောင်တတ်ရင် ရပါတယ်' ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်သည်။

အခုကျတော့ ဒါရိုက်တာကြီးမှာ Kim Taehyung ရဲ့ စိတ်နှစ်ပြီး သရုပ်ဆောင်နေတဲ့ မျက်နှာအမူအယာတွေကြောင့် အံ့သြခဲ့ရသည်။ 'ဒီကလေးက ပါရမီပါတာပဲ' ဆိုပြီး... ဒီတိုင်းထိုင်ဖတ်ပြီး သရုပ်ဆောင်ရုံဆိုပေမယ့် ပြီးပြီးရောမလုပ်ဘဲ သေချာလေးအာရုံစိုက်ပြီး သရုပ်ဆောင်တာကိုလည်း ဒါရိုက်တာကြီးမှာ သဘောကျနေလေသည်။

My Annoying Ex(Ongoing)Where stories live. Discover now