140.2.ကောင်းကင်နဲ​မြေကြီးအစိတ်စိတ်ကွဲအက်

Start from the beginning
                                    

"တို့က..... ဒီတိုင်း"

"မင်းက ကျွန်​တော့်ကို ဘယ်လိုရင်ဆိုင်ရမှန်း မသိဖြစ်​နေတယ်ဆို​ပေမယ့် မင်း ကျွန်​တော့်ကို ဘယ်လိုပဲဆက်ဆံနေပါစေ ကျွန်​တော့်စိတ်က မပြောင်းလဲဘူးဆိုတာ ကျွန်​တော်သိတယ်"

"ဒါက ပြောင်းလဲမှာမဟုတ်ဘူး"

လီ​ဝေ့ရန်က ခဏလောက် ငြိမ်သက်သွားပြီး တစ်ခုခုကို သတိရနေသလိုမျိုး ညည်းညူမိရင်း သက်ပြင်းကို ချလိုက်သည်။ ဤကမ္ဘာတွင် ထာဝရမပြောင်းလဲနိုင်သော အရာဆိုတာက ရှိလို့လား? သူမ မယုံကြည်ဘူး! ဘယ်တော့မှ မယုံကြည်ဘူး။ ယုံကြည်တဲ့သူတွေသည် အရူးများသာဖြစ်ကြမည်။

လီမင်တိက ထပ်စကားမပြောတော့ဘူး။ အေးစက်သောမျက်နှာထားဖြင့် သူသည်သူမ၏သွေးစွန်းနေသောဖိနပ်ကို ချွတ်လိုက်သည်။

"ကျွန်​တော်တို့ ဆေးလိမ်းဖို့ လိုတယ်။ ဝေဒနာကို သည်းခံထား"

သို့သော်လည်း လီဝေ့ရန်သည် သူ့ပခုံးပေါ်ရှိ ဒဏ်ရာကို သတိပြုမိသွားသည်။ ငလျင်လှုပ်ပြီးနောက် မျက်လုံးဖွင့်လိုက်သောအခါတွင် သူသည် သူမအား တင်းတင်းကြပ်ကြပ် ဖက်ထားဆဲဖြစ်ပြီး စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်လုံးတစ်စုံကို ဖုံးကွယ်ထားသော သူ့ဆံချည်များကို သူမ ရုတ်တရက် သတိရလိုက်မိသည်။ ဒါပေမယ့် သူမလိုပဲ သူ့နှလုံးသားက တဒုန်းဒုန်းမြည်​နေတဲ့ဗုံသံလိုပင်။.... အခုတော့ သူ့ပခုံးတွေကို ဖုံးထားတဲ့အဝတ်တွေက စုတ်ပြဲနေပြီး အရေပြားအပိုင်းကို သွေးထွက်သံယိုတွေနဲ့ ပေါ်လွင်နေကကာ ဒဏ်ရာတွေကို အတွင်းထဲက​နေ ကွယ်နေတယ်။ မြင်းပေါ်မှ ပြုတ်ကျသောအခါ သူ့ကိုယ်သူ ဒဏ်ရာရသွားစေခဲ့သည်မှာသိသာထင်ရှား​နေသည်။.... သူမက အချိန်အ​တော်ကြာအသံမထွက်လာပြီးမှ

"မင်း​ရော ဘာလို့ ဆေးမလိမ်းတာလဲ?"

လီမင်တိက "ဒီလို အပေါ်ယံဒဏ်ရာမျိုးအတွက် မလိုအပ်ဘူး။ မင်းရဲ့ခြေကျင်းဝတ်က ပိုအရေးကြီးတယ်"

သူ့မှာ ဆေးတစ်ပုလင်းပဲရှိနေတာ​ကြောင့် ပေါ့ပေါ့ဆဆ မဖြုန်းတီးနိုင်ဘူးလေ။

လီဝေ့ရန်၏နှလုံးသားက ရုတ်တရက် နာကျင်လာကာ

"ဒါက တို့အမှားပါ။ တို့ မင်းကို မခေါ်လာသင့်ဘူး..."

လီ​ဝေ့ရန် (ဒုတိယတွဲ) ZawgyiWhere stories live. Discover now