ချာတိတ်(inner child)

Start from the beginning
                                    

ချာတိတ်က တိတ်ဆိတ်အေးစက်နေတဲ့ ရေသေအိုင်လေးနဲ့တောင် တူတယ်။

စိတ်အဆင်မပြေရင် ပျောက်ပျောက်သွားတတ်တယ်။ ရက်အနည်းငယ်အတွင်း အပြုံးနွမ်းနွမ်းနဲ့ ‌ပြန်ပေါ်လာတတ်တယ်။

အဆင်ပြေသွားပြီလားလို့ အရေးတယူ ကျွန်တော်မေးတိုင်း ချာတိတ်က တွေတွေလေး ငေးတယ်။

နားလည်ပေးဖို့ ကြိုးစားလိုက်တာက အရာအားလုံးအတွက် အဖြေပဲ ကိုကြီးတဲ့။

ဘယ်လို! ဆိုပြီး  စကားထောက်တော့ သူသိသူတတ်လေးက ဒီလိုလေတဲ့။

ချစ်ရ ခင်ရသူတွေနဲ့ ပတ်သက်လို့ စိတ်အဆင်မပြေလာတဲ့အချိန်တိုင်း နားလည်ပေးလိုက်ဖို့ ကြိုးစားတယ်။
သူ ဒီလို ရည်ရွယ်တာ မဟုတ်ဘူး။
သူ့မှာလည်း အကြောင်းကိစ္စတွေ ရှိနေမှာ။
သူ့ဘက်မှာ ဒီလို အခြေအနေ ဖြစ်သွားခဲ့လို့။
ယုံကြည်တယ်။ သူကတော့ အဲ့လို မဟုတ်ပါဘူး။
အဲ့လိုတွေးလိုက်တော့လည်း အဆင်ပြေသွားတာပဲတဲ့။

ဖြည့်တွေးရင်း နားလည်ပေးရင်း မင်းကိုယ်မင်းလည်း ပျောက်သွားဦးမယ် ကြည့်ကြပ်လုပ် ဆိုတော့။
ခပ်ဟဟ ရယ်တယ်။

ကျနော့်မှာ ကျနော်ဖို့ တွေးပေးမယ့် ကိုကြီး ရှိတာပဲ ကျန်တာ မလိုတော့ဘူးတဲ့။

ဒီဟာလေး သိပ်စကားတတ်တာက အူယားစရာ။

ကိုကြီး...ကျနော် ရုတ်တရက် သေသွားခဲ့ရင် ဘယ်လိုဖြစ်မှာလဲတဲ့။

အဲ့ဒီအမေးကို သူနဲ့ စသိစတည်းက ခဏခဏ မေးတတ်တယ်။
အစောပိုင်းတွေတော့ ဘာလို့ ဒီလိုမေးလဲ ဆိုပြီး အကျယ်တဝင့်နဲ့ မဟုတ်တဲ့အတွေးတွေ မဝင်ဖို့ ဩဝါဒတွေလည်း ချွေခဲ့ဖူးတယ်။
ကြာလာတော့ စိတ်ပေါက်ပေါက်နဲ့ ပေါက်ကရတွေ ပြန်စ နောက်တတ်လာတယ်။

မုန့်ဟင်းခါးစားရတာပေါ့ကွ လို့။

မုန့်ဟင်းခါးတောင် ဝယ်မစားနိုင်တော့ဘူးလားလို့ ဂျစ်တစ်တစ် ပြန်ရန်လုပ်တိုင်း ကျနော့်မှာ သဘောတကျ။

ကိုကြီး ကျနော်ကြောက်တယ်တဲ့။

အလုပ်ကို ရောက်လာတဲ့ ချာတိတ်က အသံတုန်တုန်နဲ့။

SpringWhere stories live. Discover now