ချာတိတ်(inner child)

Start from the beginning
                                    

ချာတိတ်က လူကို စိတ်တိုစေတယ်။ သူ့ပတ်ဝန်းကျင်က လူတွေနဲ့ပတ်သက်ရင် သိပ်ကိုမှ နှောင်တွယ်လွယ်လွန်းတယ်။ သူ့အပေါ် မကောင်းခဲ့တာတွေ သိနေလျက်တောင် မနာတတ်ဘူး။ အဲဒီဟာလေးကို အခွင့်သာ ကြုံခဲ့ရင် ခပ်ဆတ်ဆတ်ကလေး ရိုက်ပစ်ချင်မိတယ်။

အရာရာကို စိတ်ဝင်တစားစူးစမ်းတတ်တဲ့ ပုံစံလေးက တစ်မျိုးလေး ချစ်ဖို့ကောင်းပြန်တယ်။ တခါတလေတော့လည်း စိတ်ဝင်စားဖို့ကို ပျင်းတယ်ဆိုပြီး အိပ်ရာပေါ် လှဲအိပ်နေတတ်တဲ့ဟာလေးက နားလည်ရခက်ခက်။

သူငယ်ချင်းအဖွဲ့တွေကို မြင်ရင် ငေးကြည့်နေတတ်ပြီး တကယ်တမ်း သူငယ်ချင်းတွေလာခေါ်ရင်တော့ အကြောင်းပြချက်တွေနဲ့ ငြင်းတတ်ပြန်တယ်။ ဘာလို့လဲ ငေးမနေဘဲ ပျော်ပါးကြည့်ပါ့လားလို့ အကြံပေးမိတော့ အရာအာလုံးက ခဏတာ တွေပါပဲတဲ့။
ခေါင်းမာမာလေးက မသိလိုက်ခင်မှာပဲ ရင့်ကျက်နေတတ်ပြန်တယ်။

လူငယ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းစေချင်ပေမယ့် ချာတိတ်က ကြုံခဲ့ရတာတွေ သိပ်များနေပြန်တယ်။
တစ်ခုခုဆို အရမ်းအတွေးများတတ်ပြီး ကိုယ့်ဘာသာပဲ အပြစ်တွေ တင်နေတတ်တဲ့ အချိန်ဆို ကျွန်တော် တကယ် မချိတင်ကဲ။ ဒေါသတွေလည်း ထွက်ရတယ်။ ချာတိတ်တစ်ကောင်နဲ့ အသက်ကတော့ လူ့သက်တမ်းစေ့မယ်မထင်။

ရင်ဖွင့်ချင်ရင် အချိန်မရွေး ရှိနေပေးတယ်ဆိုတဲ့အကြောင်း ချာတိတ်သိအောင် အမျိုးမျိုးပြောခဲ့ပေမယ့် တကယ့်ကိစ္စ‌ကြီးတွေတိုင်း အပြုံးတစ်ခုနဲ့ ဝှက်ထားတတ်တယ်။ စိတ်မဆင်းရဲ‌စေချင်ဘူးတဲ့ တစ်ယောက်တည်း သည်းခံလိုက်ရင် အချိန်တန် အဆင်ပြေသွားမှာပါတဲ့။
ဘုရားတရားလုပ်ပေမယ့် ချာတိတ်နဲ့ပတ်သက်ရင် မောဟတွေ ဒေါသတွေက စူကြွလာတတ်စမြဲ။

ချာတိတ်။ ချာတိတ်။ နံဘေးအိမ်က ဒီချာတိတ်လေးက စိတ်ရဲ့ အရှုပ်ထုပ်လေး။

ငယ်ငယ်ကဆို ဘေးအိမ်က ရန်ဖြစ်သံတွေကြားတိုင်း ကလေးကို သွားဆွဲခေါ်လာချင်ပေမယ့် အဲဒီဟာလေးက လွယ်လွယ်ကူကူ ဆွဲတိုင်း ပါလာတတ်တာလေး မဟုတ်။

ကလေးဘဝထဲက စိတ်ဒဏ်ရာတွေ ရှိနေပြီးသား ချာတိတ်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး လူငယ်ဆန်စေချင်တယ်။

SpringWhere stories live. Discover now