"ကျစ် ငါက အငြိုးကြောင့်ဖမ်းထားတယ် ထင်သလား "

"ဟင့် မပေးနိုင်တဲ့ကတိတွေပေးခဲ့မိတယ်ဆိုရင်ငါက ပဲတောင်းပန်ပါတယ် ဒူးထောက်တောင်းပန်ပါတယ် sob ကျေနပ်ပါတော့ လွတ်လပ်ခွင့်ပေးပါတော့ "

"ဒီအခန်းထဲမှာပဲနေခဲ့တော့ ဒုန်းး!"

ထားခဲ့ပြန်ပြ ဟောဒီအခန်းကြီးထဲမှာ သူ့ကိုတစ်ယောက်ထဲ ထားခဲ့ပြန်သည်အကြိမ်ကြိမ် လွတ်မြောက်ဖို့ကြံခဲ့ပေမယ့် အခုထိ ဒီလူ့ရဲ့ လက်ထဲကမလွတ်သေးဘူး အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် ခင်များနဲ့မတွေ့အောင်နေခဲ့မိမှာ ဒါပေမယ့်လဲ ..........

တစ်ချို့က ပြောကြတယ် ချစ်ခြင်းအစ မုန်းခြင်းကတဲ့ တကယ်တော့ ဒီစကားပုံက သူ့အတွက်ဟုတ်မနေခဲ့ဘူး သူ့အတွက်‌ကတော့ မုန်းခြင်းအစ ချစ်ခြင်းက တဲ့ သူများအတွဲတွေလိုလဲလှပတဲ့စတင်တွေ့ဆုံမှုလေးတွေအချိုမြိန်ဆုံး ပတ်သတ်မှုလေးတွေလဲ ရှိမနေခဲ့ဘူး ဒါပေမယ့် မေ့မရနိုင်တဲ့ အမှတ်တရတွေတော့များသားရယ်

တဖွားဖွားကျနေသောမိုးစက်ကလေးတွေ မြေသင်းနံ့သင်းသင်းရယ် ပတ်ဝန်းကျင်စိမ်းစိမ်းရယ်က သေချာပေါက်မိုးဦးရာသီလေးပေါ့ အချိန်အားဖြင့် မနက် ၈နာရီ

"ဟေး ရိပေါ် ဒီနေ့ ကျောင်းပြောင်းတဲ့ပထမနေ့မလား"

"ဟုတ်ကဲ့ အဒေါ် "

"ကြိုးစားနော် အလုံးလေးတောင် အထက်တန်းရောက်ပြီပဲ "

"ဟီးဟီး "

"အသင့်ဖြစ်ပြီလား ဝမ်လုံး "

"ဟုတ် အဆင်သင့်ဖြစ်ပါပြီပါးပါး"

"သွားကြမယ်အမရေ သားကိုကျောင်းလိုက်ပို့လိုက်ဦးမယ်ဗျာ"

"မောင်လေးဝမ်တို့များနော် အလုံးလေးက အထက်တန်းတောင်ရောက်နေပြီကျောင်းကြိုကျောင်းပို့လုပ်တုန်းလား သူငယ်ချင်းတွေနဲ့အတူတူစက်ဘီးလေးနဲ့လွှတ်ပါလား"

"ဒါမယ့်ဗျာ စိတ်မချပါဘူး ရပ်ကွက်ထဲတောင်နှံ့စက်အောင်မသွားတက်သေးဘူးလေ အမရာ"

"ဒါလဲဟုတ်တာပဲ ကဲကဲ သွားကြတော့နောက်ကျတော့မယ်"

ရိပေါ် သူ့နာမည်က ဝမ်ရိပေါ် ဝမ်မျိုးရိုးလေးရိပေါ်ကမိသားစုနဲ့ အိမ်နီးနားချင်းတွေရဲ့အချစ်တော်လေး ဝမ်အိမ်တော်က အရမ်းကြီးချမ်းသာနေတာမျိုးမဟုတ်ပေမယ့် အလယ်လတ်တန်းစားထက်ပိုက်ဆံ ရှိတယ် တိတ်ဆိတ်တဲ့လူချမ်းသာရပ်ကွက်လေးမှာ ပျော်ရွှင်စွာနေထိုင်ကြတဲ့ မိသားစုလေး သိပ်ပျော်ဖို့ကောင်းပြီးချစ်ဖို့ကောင်းလွန်းတယ် မောင်နှမသုံးယောက်ထဲမှာ ရိပေါ်က ချစ်မွှေးအပါဆုံးထင်ပါတယ် တစ်အိမ်လုံးကသဲသဲ လှုပ်ချစ်ကြတယ် ငယ်ငယ်လေးထဲ‌အနေအေးလွန်းတဲ့ ရိပေါ်က အပြင်တွေထွက်တာမျိုး သူငယ်ချင်းတွေနဲ့ လျှောက်ဆော့တာမျိုးသိပ်မလုပ်ဘူး ဒါကြောင့် လဲ ပတ်ဝန်းကျင်နဲ့လူတွေအကြောင်းမသိတဲ့နုံအအ‌ကလေးငယ်လေးတစ်ယောက်ဖြစ်နေတယ်

Promise Where stories live. Discover now