ရေစက် (33)

1.7K 67 0
                                    

"ခရမ်းနက်ရောင်?..."

သူရပ်နိုင်စွမ်းတောင်မရှိတော့ဘဲ ..ဆိုဖာပေါ်ထိုင်ချလိုက်သည်။ထပ်ဖြစ်ပြန်ပြီး .... ဘာလို့ သူနဲ့ပတ်သတ်မိရင် မာန် က ကံဆိုးနေရတာလဲ ။

ခရမ်းနက်ရောင်ကို အရမ်းကြိုက်သော မာန် ကြောင့် စည်းစိမ် ပိုသေချာသွားသည်။ အဲ့ကားကလည်း သေချာပေါက် မာန့် ၏ ကားပင်။

"မာန် .. မာန် ..မဖြစ်ရဘူး .."

အနည်းငယ်နာကျင်နေကာ ထော့နဲ့ထော့နဲ့ဖြစ်နေသော ပုံစံဖြင့်ပင် စည်းစိမ် အပြင်ကိုထွက်ဖို့ကြိုးပမ်းနေခဲ့သည်။ သူ မာန့် ကိုတွေ့ရမှဖြစ်မှာ ..။ အရင်အခါတွေက ပြင်းထန်လွန်းနေပြီလေ ။ ဒီတစ်ခါ‌ရော ကံကောင်းနိုင်ပါ့ဦးမလား ..။

"ဦး ..."

"!!!!!?..."

သူ့ရှေ့ရောက်လာသော ပုံရိပ်တစ်ခုကြောင့် ရပ်ကာကြောင်ကြည့်နေမိသည်။ ဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားကာ ဘာမှမဖြစ်ထားသည့်ပုံစံနှင့် ထစ်ချုံးမာန် ကိုတွေ့လိုက်ရသည်။

"မာန်!!!.."

သူဘာမှစဉ်းစားမနေတော့ဘဲ ထိုရင်ခွင်ကျယ်ထဲ ပြေးဝင်လိုက်တော့သည်။ လွတ်ထွက်သွားမှာကို စိုးရိမ်မှုနှင့် သူတင်းကြပ်စွာ ဖက်ထားလိုက်သည်။

"ကိုယ် ဘယ်လောက် ကြောက်လိုက်ရလဲ .. မသွားပါနဲ့ဆိုတာကို ..."

သူမျက်လုံးမဖွင့်နိုင်လောက်အောင် ထိုရင်ခွင်ထဲ ငိုနေမိတော့သည်။ ဒီလူသာ ထပ်ပျောက်သွားရင် သူရူးတော့မှာ ။

"ကျွန်တော် ပြန်လာပါပြီး .. အခုပြန်ရောက်ပြီလေ ...မငိုပါနဲ့တော့ဗျာ .. နော် .."

သူ့ပါးလေးကိုကိုင်ကာ ပြောလာသော မာန် ကိုသူစိုက်ကြည့်နေမိသည်။

"ကားရော .. "

ထိုအခါ မာန် က သွားစွယ်တွေပေါ်သည်အထိပြုံးလိုက်ပြီး သူ့ကိုပွေ့ချီလာခဲ့သည်။ ပြီးနောက် ပျော်ရွှင်စွာနှင့်ပင် ဧည့်ခန်းသို့ ဝင်လာလိုက်သည်။ ဆိုဖာပေါ်အသာချပေးရင်းလက်ဖဝါးလေးကို ဆုပ်ကိုင်ကာ ...

"ကားက ဝပ်ရှော့ မှာလေ ...ကုမ္ပဏီ ကားဘဲစီးသွားလိုက်တာ "

"သတင်းထဲက ကားကရော .. မာန့် ကားမလား .."

ရေစက်Tahanan ng mga kuwento. Tumuklas ngayon