"လွှတ်....ထယ်ယောင်း...ငါ့ကိုလွှတ်"

"မလွှတ်ဘူး...ငါ့နာမည်ကိုလဲမခေါ်နဲ့"

"ဒီလိုလုပ်နေရင်ငါတို့နှစ်ယောက်လုံးသေလိမ့်မယ်"

"မဟုတ်ပါဘူး...မင်းတစ်ယောက်တည်းပဲသေရမှာလေ...ငါမသေပါဘူး"

အပြုံးချိုချိုဖြင့်တုံ့ပြန်ပြောဆိုလာသည့်ထယ်ယောင်းဟာ သူ့မိခင်ကိုယ်တိုင်ကနေမွေးထုတ်ထားတဲ့သူ့ရဲ့ညီအရင်း။

သူ့ရင်ဘတ်ဆီမှကျစ်နေသည့်လက်ချောင်းတို့ကိုထယ်ဟွန်းကြောက်လန့်စွာဖယ်ခွာသည်။ သို့သော် ထယ်ယောင်းရဲ့လက်တို့ကထင်မှတ်မထားစွာ ခိုင်မြဲလွန်း၏။သူ့အပေါ် ငယ်စဉ်ကတည်းက အမြဲတစေ ဗိုလ်ကျကာအနိုင်ကျင့်တတ်ပေမယ့် ကြီးလာချိန် ခမည်းတော်ရဲ့မြှောက်စားမှုကြောင့် ထယ်ယောင်းရဲ့ဗိုလ်ကျမှုတွေဟာ ပို၍ဆိုးရွားလာတော့သည်။ခမည်းတော်ဟာထယ်ယောင်းဘာလုပ်လုပ်အပြစ်မယူတာကြောင့် သူတိုင်လျှင်လဲသူသာအမှားဖြစ်ရသည်။

သူ့အား တံတားအစွန်းသို့ အားကုန်သုံးကာတွန်းပို့သည့်ထယ်ယောင်း။ ချွေးစစို့နေသည့်နဖူးပြင်တို့က ဒီလုပ်ရပ်အပေါ်ဘယ်လောက်ထိအားစိုက်နေကြောင်းသိသာလှသည်။

တံတားစွန်း၌နင်းထားသည့်သူ့ခြေထောက်နှစ်ဖက်။ သူ့ရင်ဘတ်မှထယ်ယောင်းလက်တို့သာလွတ်လိုက်ရင် သူ့ခန္ဓာကိုယ်ဟာပင်လယ်ထဲပြုတ်ကျလိမ့်မှာအမှန်။

"ထယ်ယောင်း...ဒီလိုမလုပ်ပါနဲ့...ငါတောင်းပန်ပါတယ်..."

"ကြည့်...ကြည့်...ထပ်ပြောပြန်ပြီ...ငါ့နာမည်ကိုထပ်ခေါ်ပြန်ပြီ...ငါ့လိုဝေနိုင်ငံရဲ့မင်းသားတစ်ပါးကို မင်းလိုသွေးမသန့်တဲ့ကောင်ကထပ်ပြီးနာမည်တပ်ခေါ်ပြန်ပြီ...စိတ်ရှုပ်လိုက်တာ...ငါအခုပဲလွတ်ချလိုက်ရတော့မလား"

လက်လွတ်စပယ်ပြောထွက်တာမှန်ပေမယ့် ထယ်ယောင်းဟာထိုသို့လုပ်ဖို့အတွက်လက်တွန့်နေမယ့်သူတစ်ယောက်မဟုတ်မှန်း ထယ်ဟွန်းသိနေသည်။

"အရှင့်သား...ကျေးဇူးပြု၍"

သူ့ထံမှတောင်းပန်တိုးလျှိုးသံတို့ထွက်ကျလာတော့ ကျေနပ်သွားဟန်ဖြင့်အပြုံးယဲ့ယဲ့ဖြစ်ထွန်းသည့်နှုတ်ခမ်းပါး။

The Love Sleeping Under The Moonlight Where stories live. Discover now