Part 29

3K 65 2
                                    

Unicode

အပိုင်း - ၂၉

ငြားက သူဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ခတ်ကိုတော့အချိန်ရအောင်ပေးတတ်သည်။

ဒီနေ့လည်း ခတ်ရယ်၊သမီးလေးရယ်၊ ငြားရယ် ရုပ်ရှင်အတူတူကြည့်ခဲ့ကြ၏။

ရုပ်ရှင်ရုံမှ ပြန်ထွက်လာပြီးနောက်

"စာအုပ်လေး ဘယ်သွားချင်သေးလဲ"

"မီး ကစားကွင်းသွားချင်တယ် ဦးဦး"

သမီးက ကြားဖြတ်ဖြေ၏။

"လိုက်ပို့ရမှာပေါ့ကွာ"

"Mr. ပင်ပန်းနေပါဦးမယ် သမီးရယ်။
အိမ်ပြန်ကြစို့လေ"

"ရပါတယ် စာအုပ်လေးရယ်။သမီးက သူ့အမေနဲ့ တစ်ခါတလေပဲအချိန်ကုန်ရတာ ပျော်ပါစေ"

ငြားက ကလေးကိုချီထားရင်း ခတ်ကိုလည်း ‌ဖက်ထား၏။

"လာ ကိုယ့်မိန်းမလေး"

"Mr.နော်"

ခတ် မျက်စောင်းလေး ဝင့်ခနဲထိုးလိုက်သည်။သမီးလေးအလိုကျ ကစားကွင်းလိုက်ပို့ရပြန်သည်။သမီးလေး အခုလိုပျော်နေတော့လည်း ခတ်မှာစိတ်ချမ်းသာရပါသည်။

"စာအုပ်လေး ဟိုအိမ်သွားဦးမလား"

"မသွားတော့ဘူး Mr.။ခတ်တို့ပြန်ရအောင်လေ။အိမ်မှာပဲ နားကြတာပေါ့"

အဖေတို့မိသားစု အဆင်မပြေမှန်းသိ၍ ငွေကြေးကိုတော့ ခတ် တတ်နိုင်သလောက် ထောက်ပံ့ပေးသည်။ခုချိန်ထိတော့ သမီးလေးကို အဖေတို့အိမ်တစ်ခါမှ ခေါ်မသွားခဲ့ပေ။

အဖေတို့ ခတ်အပေါ်ဘယ်လောက်ပဲ ဆိုးဝါးစွာပြုမူပြောဆို ဆက်ဆံခဲ့ပါစေ အခုလိုမျိုး အဆင်မပြေတာမြင်ရ
တော့လည်း ခတ်ကမနေနိုင်ပါ။
မရှိနွမ်းပါးသူကိုတောင် ခတ်တို့က စွန့်ကြဲသေးတာပဲ မဟုတ်လား။

သွေးက ရေထက်ပျစ်တယ်ဆိုမှတော့ ခတ်မှာလည်း ထောက်ပံ့ရတာပါပဲလေ။
ကိုယ့်အပျော်နဲ့ကိုယ်မို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်မိပေမဲ့ ခတ်တို့ကိုမြင်သွားခဲ့သူကတော့ ရှိနေခဲ့ပါသည်။

💮💮💮💮💮💮💮💮💮💮💮💮

ရုံးထဲသို့ ဝင်လာကတည်းက ဝန်ထမ်းအချို့က ခတ်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြ၏။

My Lovely Book 📖(Complete)Where stories live. Discover now