"ကိုယ်တို့ အချိန်နည်းနည်းရသေးတယ်။ခဏလောက်ပြန်ကွေးရအောင်"

"မကွေးချင်ပါဘူး။ခတ် ရေချိုးမလို့။ဒီမှာ ချွေးတွေက စေးကပ်ကပ်နဲ့"

"မချိုးနဲ့ဦး။ခဏနေလည်း ချွေးပြန်ထွက်မှာပဲကို"

သူကခတ်ကိုဆွဲ ၊ခတ်ကရုန်းနဲ့ နှစ်ယောက်သား ခုတင်ပေါ်ကို တစ်ခါပြန်ရောက်သွားကြပြန်၏။

"Mr. နော် ရှင်သိပ်မကဲနဲ့"

"ခဏပဲကွာ။ ၁၀ မိနစ်"

"တော်ပြီ။ရှင့်ရဲ့ ခဏဆိုတာကြီးကို ကြောက်တယ်"

"ရှူး တိုးတိုးနေ"

"တော်ပြီ ----လို့"

💮💮💮💮💮💮💮💮💮💮💮💮

Edward Group*

ခတ် နေ့လယ်စာထမင်းစားပြီး ရုံး Canteen မှအပြန် Mr. နဲ့ MD အပြင်ကပြန်လာသည်နှင့် ဆုံမိ၏။

“မင်္ဂလာပါ MD”

“မင်္ဂလာပါ Mr.”

ခတ်မှာ ကိုယ့်အထက်လူကြီးဖြစ်နေ၍ နှုတ်ဆက်လိုက်ပါသည်။

"မင်းက ဘယ်အချိန်ကြည့်ကြည့် အမြဲဖိုသီဖက်သီပဲနော်"

"ခတ်ရဲ့ uniform ကဘာဖြစ်နေလို့ပါလဲ MD."

"Uniform ကြောင့်မဟုတ်ပါဘူး။
လူကိုက အရှိန်အဝါမရှိတာ"

တကယ်တော့ ခတ်ကသူပြောသလောက် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိပါ၏။ခတ်ကို Mr. ရှေ့မှာ နှိမ်ချင်၍တမင်ပြောနေမှန်း ရိပ်မိသည်။

"MD က ဒီရုံးမှာ အကြီးအကဲဆိုတော့ ခတ်ထက်တော့ အရှိန်အဝါကြီးပါတယ်ရှင်။ဒါပေမဲ့ ခတ်ကတော့  အရှိန်အဝါမလိုပါဘူး။အကြည်ဓာတ်လေးရဖို့ပဲ လိုတာပါ"

"ခတ် ကိုယ် မနေ့ကမှာထားတဲ့ သွင်းကုန်ထုတ်ကုန် report လေး ပြန်စစ်ပေးပါဦး"

"ဟုတ်ကဲ့ Mr."

ခန့်ငြား ခတ်ကို ပ ထုတ်လိုက်သည်။

💮💮💮💮💮💮💮💮💮💮💮💮

ရုံးခန်းထဲကိုရောက်တဲ့အခါ

"ဝတ်လွှာ မင်းက သူများကိုတော့ အပြစ်ရှာတတ်တယ်နော်။မင်းမျက်နှာလည်း မင်းပြန်ကြည့်ပါဦး။ နှုတ်ခမ်းနီတွေ ပေပွနေတာ"

My Lovely Book 📖(Complete)Where stories live. Discover now