Part 2

7.3K 22 0
                                    

ပီကင်း တဖြစ်လည်း ဦးကင်းသည် လှိုင်းထန် (သို့) ဆရာထန်ကို တခါတခါ နားမလည်နိုင်ဘူး ။ သူတို့သည် စီးပွားရှာနေတာလား… မိန်းမ လိုက်စားနေတာလားလို့ သူ့ကို မေးခဲ့ဖူးသည် ။ လှိုင်းထန်ရဲ့ လုပ်ရပ်တွေကြောင့် သူသည် လှိုင်းထန်ကို ဒီလမ်းကြောင်းပေါ်ကို တင်ပေးခဲ့တဲ့လူ ။ လူကဲခတ်ပညာ ဗေဒင်ပညာ နက္ခ္ခတ်ပညာတွေကို သင်ပေးရုံမက သမထထိုင်ခိုင်းသည် ။ စိတ်ကို တည်ငြိမ်အောင်ကျင့်ခိုင်းသည် ။ တချို့နေရာတွေမှာ သူတို့ ငယ်ငယ်ထဲက ကျွမ်းခဲ့တဲ့ မျက်လှည့် လက်လှည့်ပညာရပ်တွေကို ထည့်သွင်းသုံးဖို့လည်း သင်ပြပေးသည် ။ သူ့ရဲ့ သင်ပြမှုတွေနဲ့ လှိုင်းထန်သည် “ ဆရာထန် ” ဖြစ်လာခဲ့တာ ။ နောက်ပိုင်းမှာကြတော့ လှိုင်းထန်က ဆရာသခင် ဖြစ်လာပြီး သူက ဦးကင်း ဆိုတဲ့ တပည့် နောက်လိုက်ကြီး ဖြစ်သွားသည် ။ ဦးကင်းထက် သူက ပိုသာသွားသည် ။

ရုပ်ရည်လည်း ရှိတာမို့ မိန်းမတွေက လှိုင်းထန် ပြောတာဆို ယုံကြသည် ။ လှိုင်းထန် ဘာလုပ်လုပ် ဖြစ်တဲ့ အခြေအနေကို ရောက်လာသည် ။ ငယ်ငယ်ထဲက မိန်းမကြိုက်တဲ့ လှိုင်းထန်က သူ့ဆီကို ချဉ်းကပ်လာတဲ့ မိန်းမတွေကို အလွတ်မပေးခဲ့ ။ အစပိုင်းမှာ မရဲတရဲ စမ်းကြည့်တဲ့အဆင့်ဘဲ ရှိသည် ။ သူလုပ်သမျှ မိန်းမတွေက မငြင်းဘဲ သူ့ကို ပုံအပ်ထိုးအပ်ကြတော့ လှိုင်းထန်သည် ငွေရဖို့ တစ်ခုထဲအတွက် မဟုတ်တော့ဘဲ မိန်းမတွေကို သူ့စိတ်ကြိုက် ပျော်ပါးဖို့အတွက် ဒီအလုပ်ကိုလုပ်နေတဲ့ သဘော ဖြစ်လာသည် ။

ဆရာထန်သည် မိန်းမတွေအတွက်ဘဲ သီးသန့် ဟောပြောတဲ့ ဆရာလိုလို ဖြစ်လာသည် ။ ယောကျ်ားတွေကို ဟောပြော ဆေးစီရင်ပေးတာက ခပ်နည်းနည်း ဘဲ ။ တခါတရံ လှိုင်းထန်သည် အလျှံအပယ် စားသုံးနေရလို့ လက်တောင် မအား ။ သူ မကြိုက်တဲ့ ပုံမလာတဲ့ မိန်းမတွေကို ဦးကင်းက ဆေးစီရင်ပေးလိမ့်မည်ဆိုပြီး သူ့ဆီကို လွှဲပြောင်းပေးတတ်သည် ။ သူတို့သည် သစ်ခေါက်ရောင်ဝတ်စုံတွေ ဝတ်လိုက်၊ အဖြူရောင်ဝတ်စုံတွေ ဝတ်လိုက်၊ လည်ပင်းမှာ ပုတီးကိုယ်စီဆွဲလို့ တတိုင်းပြည်လုံးအနှံ့ လိုက်လုပ်စားနေခဲ့တာ နှစ်အတော်ကြာပြီ ။

မြန်ဆန် မှန်ကန် ဆရာထန် Where stories live. Discover now