Part 1

11.6K 17 2
                                    

ရေးသားသူ.. Naw Naw

​​ယင်းမာမာသင်း ( ခေါ် ) သက်တန့် ။ နာမည်ရခါစ မော်ဒယ်လေး။ သက်တန့်ဆိုတဲ့ နာမည်နဲ့ မြန်မာမော်ဒယ်လောကမှာ ယင်းမာမာသင်း နာမည်ရလာတာနဲ့ အနောက်က လိုက်ဖန်တဲ့ ဘဲတွေ တပုံကြီး ပေါ်လာသည် ။ ယင်းမာမာသင်း မော်ဒယ် မဖြစ်ခင်က အထကမှာ အတူတူတက်ခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ကြိုက်သလိုလို ဖြစ်ခဲ့ဖူးသည် ။ အီစီကလီ အဆင့်ဘဲ ဖြစ်သည် ။ ရည်းစားလည်း မဟုတ် ။

မော်ဒယ် ဖြစ်ချင်လို့ ကြိုးစား ကြံစည်နေတဲ့ အချိန် ရပ်ကွက်ထဲမှာ လူသိများနေတဲ့ သင်္ဘောသားကြီး တစ်ယောက်နဲ့ တွေ့ကြသည် ။ ဒီ သင်္ဘောသားကြီးက ယင်းမာမာသင်းထက် အသက် အများကြီး ကြီးသည် ။ ဦးလေးအရွယ် ဘကြီး အရွယ်ကြီး ။ ဘဲကြီးက ငွေပေါသည် ။

ယင်းမာမာသင်းသည် စပွန်စာ လိုနေတဲ့ အချိန် ။ မိဘအသိုင်းအဝိုင်းက ယင်းမာမာသင်း မော်ဒယ်တစ်ယောက် ဖြစ်လာဖို့ မပံ့ပိုးနိုင်တော့ ပံ့ပိုးမယ့် တစ်စုံတစ်ယောက်ကို ယင်းမာမာသင်း ငံ့လင့်နေတဲ့ကာလမှာ ဒီပရာဒိုကားစီးတဲ့ ဦးတလုပ်ကြီးက ဇလည်းရှိတယ်… ဓနလည်း ရှိတယ်လေ ။ ယင်းမာမာသင်းကို ဦးတလုပ်ကြီးက စောင်မကြည့်ရှုတော့တာဘဲ ။ စောင်ကို မပြီး ကြည့်ရှုတာ ။ တစ်ဦးလိုတာနဲ့ တစ်ဦးရှိနေတာကို လဲလှယ်တဲ့ ဘာတာစစ်စတန် လို့ ခေါ်တဲ့ အလဲအလှယ် သဘောတရားက ဟိုးရှေးဦး ကမ္ဘာ အချိန်ထဲက ရှိခဲ့တာ မဟုတ်လား ။

ယင်းမာမာသင်း လိုတာကို ဦးတလုပ်ကြီးက ကူညီ… ဦးတလုပ်ကြီး လိုတာလေးတွေကိုလည်း ယင်းမာမာသင်းက ဖြည့်ဆည်းပေး.. ကဲ ဘယ်လောက် အဆင်ပြေလိုက်သလဲ ။ လူပျိုကြီးလည်းဖြစ် သင်္ဘောသားကြီးလည်း ဖြစ်တဲ့ ဦးတလုပ်ကြီးက ပိန်ပိန်သွယ်သွယ် ဖြူဖြူဖွေးဖွေးလေးကို မက်မောမိတော့ ရှိတာတွေ ပုံအောသည် ။ ယင်းမာမာသင်းကလည်း သူ့ကို ကျေးဇူးဆပ်သည် ။ ရပ်ကွက်ထဲကတော့ အမျိုးမျိုး ပြောကြတာပေါ့။ မုန့်ပေါင်းကျွေးလိုက်သည်.. အမေပေးခဲ့တဲ့ လယ်တကွက်နဲ့ လုပ်စားသွားသည်.. စသဖြင့်ပေါ့ ။

ယင်းမာမာသင်းလည်း ဦးတလုပ်ကြီးရဲ့ စပွန်ဆာနဲ့ မော်ဒယ်တစ်ယောက် ဖြစ်လာသည် ။ ဦးတလုပ်ကြီးလည်း ဘယ်သူမှ မစားသေးတဲ့ အစားအစာတွေကို ဦးဦးဖျားဖျား စားလိုက်ရသည် ။ နှစ်ဦးနှစ်ဖက် ရောင်းသူဝယ်သူ အသံတူပြီး အိုကေမှာ စိုပြေသည် ။ ဘာလိုသေးလဲ ။

မြန်ဆန် မှန်ကန် ဆရာထန် Where stories live. Discover now