Part (8) Uni/Zawgyi

Start from the beginning
                                    

ရန်ကြီးသည် ရှက်ပြီးမျက်နှာကြီးအတင်းအုပ်ထားသောတွယ်တာ့ကို ပိုပြီးစချင်လာသည်။

"ဘာလို့မျက်နှာကြီးအုပ်ထားတာလဲ အဲ့ဒီတုန်းကတောင်အရမ်းမိုက်တာနော် မင်းကအဲ့ဒီကတည်းက ကတတ်တာလား"

"ကိုရန်ကြီး တော်ပါတော့ဆို "

တွယ်တာ မျက်နှာကိုကွယ်ထားတဲ့လက်ကိုအောက်ချလိုက်တော့ ကားမောင်းရင်းပြုံးနေတဲ့ကိုရန်ကြီးမျက်နှာကိုမြင်ရသည်။ သွားတန်းဖွေးဖွေးလေးတစ်ဝက်ကိုမြင်ရပြီး ကော့ညွတ်နေသောနှုတ်ခမ်း၊ စင်းသောနှာတံမဲနက်သောမျက်ခုံးနဲ့ ရန်သူတွေကိုစိုက်ကြည့်တတ်သောမျက်လုံးတွေကအခုတော့ မှေးမှိတ်တော့မလိုအထိပြုံးနေလေသည်။

ကြည့်ပါဦး..သူများကိုလိုက်စပြီးသဘောကျနေတာ ချောလိုက်တဲ့ရုပ်ကြီး ဒီလိုရုပ်ကြီးသာအမြဲတမ်းမြင်ရမယ်ဆိုလို့ကတော့ စချင်သလောက်သာစပါစေတော့။ ကြည့်နေရင်းတောင်ဖက်နမ်းချင်လာပြီ။

"ဘာလို့တိတ်သွားတာလဲ စိတ်ကောက်သွားတာလား အိုခေ...အိုခေ...မစတော့ဘူး"

ရန်ကြီးက သူ့မျက်နှာငေးပြီးငြိမ်နေတဲ့ကလေးမကြောင့်စိတ်ကောက်သွားသလားမေးလေတော့တွယ်တာကခေါင်းရမ်းပြသည်။

"ကိုရန်ကြီးကချောလို့"

တွယ်တာ့ဆီကချောတယ်လို့ကြားတော့ ရန်ကြီးကမျက်ခုံးတန်းတွေပင့်တက်ပြီးလှည့်ကြည့်လာပြန်သည်။

"ငါ့ကိုချောတယ်လို့မင်းပဲပြောတာ အသားမဲလို့ကျွဲကြီးလို့တောင်အခေါ်ခံရတာကို "

"ဘယ်သူကခေါ်တာလဲ! "

တွယ်တာ့ အစ်ကိုကြီးကိုများ ရာရာစစ!

တွယ်တာက စိတ်ထဲကနေ ရန်ကြီးအားထိုကဲ့သို့Nickname ပေးတဲ့လူအားကျိန်ဆဲလေ၏။

"တရုတ်ကြီးလေ "

လက်စသတ်တော့ အိမ်ကအစ်ကိုပေါ့လေ။

"ဟွန့် သူကဖြင့်ဖြူစုပ်နေတာသွေးစုပ်ဖုတ်ကောင်လိုလို အလောင်းကောင်ရေခဲရိုက်ထားသလိုလိုနဲ့"

"ဟာ...မင်းတော့ ငရဲကြီးတော့မယ်"

"ကြီးပါစေ ကိုကြီးကိုပြန်ပြောလို့ငရဲကြီးရမယ်ဆိုရင် အေးဆေးငရဲကြီးခံလိုက်မယ် နောက်တစ်ခါကိုရန်ကြီးကိုအဲ့လိုလာခေါ်ရင် တွယ်တာ့ကိုလာတိုင်နော်သိလား "

The Challenge of Love (OC)Where stories live. Discover now