ထို့နောက်မီးဖိုချောင်ထဲသို့ထသွားပါတော့သည်ဘာရှိလဲရှာကာ

"ကြက်သားလည်းရှိတယ်...ဝက်သားလည်းရှိတယ်...ဒါဘာသားလဲ.."

"ဝက်သားချက်လိုက်မယ် ဂျောင်ဂုကဝက်သားကြိုက်တယ်ဆိုတော့"

ပြီးနောက်စချက်ပါတော့သည်

"ဂျောင်ဂုကလှီးနေတာတွေ့‌တာတော့ ဒီလိုလေးပဲ"
ဆိုကာဝက်သားအားသေသေချာချာလေးလှီးပြုပြီး
ပါဝင်ပစ်စည်းတွေလဲ အကုန်အစုံထည့်ကာ
ချက်ပါတော့သည်

ရေထည့်ကာအုပ်ထားမယ်အလုပ်

"ဟမ် ငါဆားထည့်ရအုံးမှာပဲ ဟုတယ် အဲ့ဒါတွေလည်းငါဘာမှမထည့်‌ရသေးဘူးပဲ"

ဆိုကာအကုန်ယူပြီးထည့်လိုက်သည်

ချက်လို့အပြီး

"ဟဲဟဲ နောက်ဆုံးတော့ငါကိုယ်တိုင်ချက်ထားတဲ့ဟင်းတစ်ခွက်ရပြီဟီးးး"

"ဒါနဲ့ဘာလို့အရောင်ကမဲနေတာပါလိမ့်"

ပြောပြောဆိုဆိုဖြင့်စားပွဲပေါ်ချလိုက်သည်
ထို့နောက်မချက်တတ်ချက်တက်ဖြင့် နောက်ထပ်ဟင်းနှစ်မျိုးလေးထပ်ချက်ပြီး
နောက်မှာတော့

"အမလေး...မောလိုက်တာ..ငါအများပြီးချက်လိုက်တာပဲ..ဂျောင်ဂုပြန်လာရင်အဆင်သင့်စားရုံပဲ ဟီးးး"

ချက်ထားတဲ့ဟင်းတွေလည်းတစ်ခုမှမြည်းပါ

"ငါတော်တော် တော်တာပဲအကုန်လုံးကိုအရောင်တစ်ရောင်တည်းထွက်အောင်ချက်နိုင်တယ်..အကုန်အမဲရောင်တစ်ရောင်တည်းပဲဟီးးးဂျောင်ဂုပြန်လာရင်တော့ငါ့ကိုချီးကျူးနေတော့မှာပဲ.."

"ကဲရေချိုးရမယ်...ရေသွားချိုးမယ်"

ရေချိုးပြီး လှလှပပလေးပြင်ဆင်ကာဂျောင်ဂုအားထိုင်စောင့်နေသည်။

"အဲ့ဂျောင်ဂုကလည်း စောစောပြန်လာမယ်ဆိုပြီးခုထိမရောက်သေးဘူးဟူးးးး"

နာရီကိုကြည့်လိုင်ထိုင်လိုက်ထလိုက်လုပ်လိုက်ဖြင့်ဂျောင်ဂုအလာအားစောင့်နေသည်

သုံးနာရီသို့ရောက်တော့

"ကျစ်.....ဒီကလေးကတော့"

ကိုကို့ ကိုချစ်တယ်Where stories live. Discover now