(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု

Start from the beginning
                                    

လုံဟန့်ကလည်း ပိုင်ရှန်းရှို့နဲ့ခပ်လှမ်းလှမ်းကနေခွာပြီးလိုက်လာတယ်။ စကားလေးတပြောပြောနဲ့ပေါ့။ ပထမဆုံးသူသတိထားမိတာက ပိုင်ရှန်းရှို့အလေးခံသယ်လာတဲ့အပင်ပဲ။
"ကိုယ် ကူပြီးသယ်ပေးရမလား?"

"မရဘူး။ ရှင်ထိလို့ရတာမျိုး မဟုတ္ဘူး"

"ရုတ်တရက်ကြီး ဘာလို့ပျောက်သွရတာလဲ? ဘယ်သူက မင်းကိုပြန်ပေးဆွဲတာလဲ?"

"ချန်ထောက်။ သူက ကျွန်မဆီက မီးယမ်းမှုန့်ဗုံးလုပ်နည်းလိုချင်တာ။

"မင်း သူ့ကိုပေးလိုက်တာလား?'

"အတုပဲ ပေးလိုက်တာပေါ့"

"ဒါဆို သူက ဘာလို့မင်းနောက်ကနေ လိုက်မလာတော့တာလဲ?"

"သတိပြန်မလည်သေးလို့ လိုက်မလာတာဖြစ်မယ်။ ဒါမှမဟုတ် ကျွန်မပြန်လာမယ်ဆိုတာသိလို့နေမှာပေါ့။"

အမွန္က ချန်ထောက်ရဲ့လူတွေ သူမေနာက္ကေန လိုက်လာပြီးသား။ သူတို့ကိုလုံဟန့်အာရုံခံလို့ရတယ်။ ဒါပေမယ့် သူက မသိချင်ယောင်ဆောင်ပြီး တိတ်တိတ်လေးသတိထားနေတာ။သူ ပိုင်ရှန်းရှို့ကိုထပ်ပြီးအထိခိုက်ခံမှာမဟုတ်ဘူး။ ဒါပေမယ့် လုံဟန့်ပါလာတာကိုလဲ အဲ့ဒီလူတွေသိရော ချက်ချင်းနောက်ပြန်ဆုတ်သွားကြတယ်။ သူတို့က လုံဟန့်ကို ချီးတုန်အောင်ကြောက်တာလေ။ လုံဟန့်ကတော့အေးစက်စက်ပဲပြုံးလိုက်တာပေါ့။ ချန်ထောက်ဆိုတာ အရှက်မရှိတဲ့ကောင်စားမျိုး။ မနက်ဖြန်တော့ သူလုပ်တာအတွက် ပြန်ပေးဆပ်ခိုင်းရမယ်။ ဒါပေမယ့် အခုချိန်မှာသူ့အတွက်အရေးအကြီးဆုံးက ပိုင်ရှန်းရှို့ရဲ့ လုံခြုံရေးပဲ။ သူ့ကိုလာကူလို့ သူမဒီလောက်ဒုက္ခတွေခံစားရမယ်မှန်း သူတွေးတောင်မထားမိခဲ့ဘူး။ ဒါပေမယ့် သူကဘာလို့ ပိုင်ရှန်းရှို့ကို အဝေးကနေပဲ စောင့်ရှောက်နေရတာလဲ? သူမဖို့ ချက်ပေးထားတဲ့ အသားဟင်းကိုတောင် လှမ်းမပေးနိုင်ဘူး။ ပိုင်ရှန်းရှို့နဲ့ဆယ်လှမ်းအကွာလောက်က စားပွဲပေါ်တင်ထားပေးခဲ့ရတယ်။ ပြီးမှ ပိုင်ရှန်းရှို့က လာယူတယ်။
"ရွို့အာ...မင်းယူလာတဲ့ပန်းက အတော်လေးထူးခြားပုံပဲနော်"

"ဟုတ်တယ်။ ပဒိုင်းညိုလို့ခေါ်တာလေ။ သူက သွေးလောင်းပေးပြီးစိုက်တဲ့သူရဲ့ ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးတယ်။ ကျွန်မ လေးရက်လောက်လောင်းပြီး ကျွန်မဘေးနားဒီနေ့တစ်ရက်လုံးကပ်လာတဲ့သူမှန်သမျှ မူးလဲသွားကြပါစေလို့ ဆုတောင်းထားတာ"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now