မေခတ္တာနဲ့အတူအစ်မနဒီရဲ့အတွင်းရေးမှူးရောက်လာမှပင်မောင့်ကိုဆွဲလို့ရတော့သည်....

”နင်ဘာဖြစ်နေတာလဲ မာန်...ဘာလို့အစ်ကိုလင်းကိုသွားလုပ်ရတာလဲ...”

ခတ္တာ မာန့်ရဲ့လက်ကိုဆွဲလို့တားရင်းမေးမိသည်....

”စိတ်အေးအေးထားလို့မရတော့ဘူးလား...ဘာလို့ကောင်းကောင်းမွန်မွန်မပြောဆိုကြတာလဲ....”

”ကိုကိုကိုယ်တိုင်..ကိုကို့ရဲ့အစ်ကိုကိုမေးကြည့်လိုက်လေ သူအစ်မကိုဖောက်ပြန်ခဲ့လို့ အစ်မဘယ်လောက်တောင်သောကပင်လယ်ဝေခဲ့ရလဲဆိုတာ...”

လင်းစက် မောင့်ရဲ့အပြောကြောင့်အစ်ကိုဦးကိုပြန်လှည့်ကြည့်လိုက်သည်...

”အစ်ကို ဘာမှမလုပ်ထားဘူးနော်
လင်းစက်....”

မာန် သူ့အရှေ့ရှိမျက်နှာပြောင်တိုက်စွာပြောလာတဲ့သူကြောင့်ဒေါသထွက်လာကာပြေးထိုးမည်ပြုတော့ ခတ္တာနဲ့အတူအစ်မနဒီရဲ့အတွင်းရေးမှူးကတားကြတာကြောင့်လိုရာမရောက်လိုက်....

”‌ မောင်...‌ မောင်ကသာနားလည်မှုလွဲနေတာ ကိုယ့်အစ်ကိုကဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး....”

”နင်အရင်ဆုံးအသိစိတ်ကိုကပ်ထားရမယ်နော်....ငါနဲ့လိုက်လာခဲ့....”

ခတ္တာ ပြောရင်းမာန့် ကိုဆွဲထုတ်လာခဲ့တော့သည်....

”ကို လင်းကိုဦး ဘာမှမဖြစ်ဘူးမလား....”

လင်းစက် သူတို့ကိုကူညီပေးခဲ့တဲ့
အစ်မနဒီရဲ့အတွင်းရေးမှူးဖြစ်သူကိုကျေးဇူးတင်စကားဆိုလိုက်သည်....

”ကျေးဇူးပါနော်...”

”ဟုတ်ကဲ့....”
.........
”နင်ဘာဖြစ်တာလဲ...နင်ဘယ်လိုလို့သွားသောင်းကျန်းနိုင်ရတာလဲ မာန်..”

”သူ အစ်မကိုဖောက်ပြန်လို့လေ...”

”နင်ပြောချင်တာက အစ်မနဒီ ကိုယ့်ကိုကိုယ်သတ်သေရတာအဲ့ဒီ့ကိစ္စကြောင့်ပေါ့လေ.....”

”ငါလည်းမသိဘူး....”

”ငါနင့်ကိုနားလည်တယ်နော် မာန်.ဒါပေမယ့်ဘာဘဲဖြစ်ဖြစ်နင်ဒီ့ထက်ပိုပြီးစိတ်အေးအေးထားရမယ် နားလည်လား...အစ်ကိုလင်းက အစ်ကိုလင်းစက်ရဲ့အစ်ကိုနော်....”

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now