သစ်လွင် - ''ငါမင်းကိုခေါ်လိုက်တာတခြားတော့မဟုတ်ဘူးတဘက်ခါကျရင်ငါတို့ရွာကိုသူဌေးကြီးဦးရွှေမောင်းရဲ့သမီးအလုပ်ကိစ္စနဲ့လာမယ်လို့ငါ့ကိုသတင်းပေးထားတယ်...အဲဒါမင်းသဘက်ခါကျရင်ငါ့ညီမကိုသွားကြိုဖို့အတွက်အဆင်ပြေမလား...''
တိမ်စိုင် - ''ကိုသစ်လွင်ရဲ့ညီမကိုသွားကြိုပေးဖို့ပြောချင်တာလား..ကျနော်ကူညီပေးနိုင်ပါတယ်သူကဘယ်ချိန်လောက်လာမယ်လို့ပြောထားလဲ..''
သစ်လွင် - ''ငါလည်းမသိသေးဘူးငါ့ညီမရွာထိပ်ကိုရောက်ရင်သူဖုန်းဆက်လိမ့်မယ်အဲခါကျရင်မင်းသွားကြိုပေးပေါ့..''
တိမ်စိူင် - ''ကောင်းပါပြီးကိုသစ်လွင်...''
သစ်လွင် - ''ဟုတ်ပြီးအဲဆိုအလုပ်သွားလုပ်တော့...''
တိမ်စိုင် - ''ဟုတ်ကဲ့ကိုသစ်လွင်...''
တိမ်စိူင်ပြောပြီးလုပ်ငန်းခွင်ထဲသို့၀င်သွားလေသည်။
ညနေအလုပ်ဆင်းတော့တိမ်စိုင်အမေ့အတွက်ဖျော်ရည်နဲ့ဖက်ထုပ်ကို၀ယ်သွားခဲ့လေသည်။
အိမ်ရှေ့ကဆိုင်ကယ်သံကြားတော့ငှက်ခါးအိမ်အပြင်ကိုထွက်လာခဲ့လေသည်။တိမ်စိုင်လွယ်ထားသောလွယ်အိတ်ကိုလက်လွှဲယူပြီး''တိမ်စိုင်ဒီနေ့နောက်ကျတယ်နော်ဘာလဲသူဌေးကမနက်ကအလုပ်လာနောက်ကျလို့အချိန်ပိုဆင်းခိုင်းတာလား...''
တိမ်စိုင်ဦးထုပ်ကိုချွတ်လိုက်ရင်ယပ်ခပ်ကာ''မဟုတ်ပါဘူးငါအမေ့အတွက်မုန့်၀င်၀ယ်နေလို့ပါဟ....ဒါနဲ့နင်မပြန်သေးဘူးလားငှက်ခါးမှောင်တော့မယ်လေ...''
ငှက်ခါး - ''မပြန်တော့ဘူးအဖေ့တို့ကိုလမ်းကြုံနဲ့စကားပါးလိုက်ပြီးပြီး..ဘာလဲငါဒီမှာအိပ်မှာကိုနင်ကမကြည်ဖြူဘူးလား..''
တိမ်စိုင် - ''မဟုတ်ပါဘူးနင်အဆင်ပြေရင်ပြီးတာပါဘဲ...ရော့အမေ့အတွက်ဖက်ထုပ်နဲ့ဖျော်ရည်နင်စားချင်ရင်းအမေနဲ့အတူသွားစား..ငါရေချိုးလိုက်အုန်းမယ်..''
ငှက်ခါး - ''တိမ်စိုင်အခုမှရောက်တာကိုမနားဘဲနဲ့လာနားအုန်းပြီးမှရေချိုး..လာပါဆို..''
တိမ်စိုင် - ''ပြီးရောဟာ..''
တိမ်စိုင်အနွေးထည်ကိုချွတ်လိုက်ရင်းတန်းပေါ်တင်ကာငှက်ခါးနဲ့အမေ့ဘေးနား၀င်ထိုင်လိုက်လေသည်။
ခင်နှင်း - ''သားတိမ်စိုင်.ပြန်လာပြီးလား..သမီးလေးကသားပြန်လာမလားဆိုပြီးမျှော်နေတာသစ်ကုလားအုပ်လည်ပင်းကြီးဖြစ်နေပြီး...''
ငှက်ခါး - ''မဟုတ်ပါဘူးအမေကလည်း..''
တိမ်စိုင် - ''ငှက်ခါးနဲ့အမေကကျနော်မရှိတဲ့ချိန်ဘာတွေတိုင်ပင်ထားကြလို့ဒီတစ်ယောက်ကအမေခေါ်လို့ပါလားဟမ်း..''
ဒေါ်ခင်နှင်း - ''အမေကိုယ်တိုင်ပေးခေါ်တာမင်းတားဖို့မစဥ်းစားနဲ့တိမ်စိုင်...''
တိမ်စိုင် - ''အမေကလည်းဗျာလူတွေကြားရင်တစ်မျိုးထင်နေပါအုန်းမယ်..''
ဒေါ်ခင်နှင်း - ''ထင်ပါစေပေါ့အမေ့ချွေးမလေးကအမေ့ကိုအမေလို့ခေါ်တာကိုဘယ်သူမျက်နှာကြည့်နေရမှာလဲ...မင်းလည်းသမီးငှက်ခါးကိုငိုအောင်လုပ်ဖို့မစဥ်းစားနဲ့..''
တိမ်စိုင် - ''ဟူတ်ပါပြီးဗျာအမေ့စိတ်ချမ်းသာရင်ကျန်တာဘာမှမလိုအပ်တော့ဘူး...''
ငှက်ခါး - ''တိမ်စိုင်ငါနင့်ကြိုက်တဲ့ငါးသလောက်ပေါင်းချက်ထားတယ်ရေမိုးချိုးပြီးရင်ထမင်းစားကြတာပေါ့..''
တိမ်စိုင် - ''အင်းငါရေချိုးလိုက်အုန်းမယ်...''
ဒေါ်ခင်နှင်း - ''သမီးသားနောက်လိူက်သွားလေ''
ငှက်ခါး - ''ဟုတ်ကဲ့အမေ..''
ငှက်ခါးလည်းတိမ်စိုင်နောက်သို့လိုက်သွားပြီးအကျီချွတ်ဖို့လုပ်နေသောတိမ်စိုင်အနားသွားပြီးအ၀တ်ကူချွတ်ပေးလေသည်။
တိမ်စိုင် - ''ရပါတယ်ငါ့ဘာသာလုပ်ပါ့မယ်..''
ငှက်ခါး - ''နင့်အ၀တ်တွေကိုမလျှော်နဲ့ထားထားလိုက်ငါလျှော်လိုက်မယ်..''
တိမ်စိုင် - ''နင်ပင်ပန်းနေပါ့မယ်ငါလုပ်လိုက်ပါမယ်...''
ငှက်ခါး - ''ငါလုပ်ပေးချင်လို့ပါနော်...''
တိမ်စိုင် - ''အင်း..နင်ထမင်းပွဲပြင်ရင်သွားပြင်တော့လေ..ငါရေချိုးလိုက်အုန်းမယ်..''
ငှက်ခါး - ''အင်းငါအမေနဲ့ထမင်းပွဲသွားပြင်လိုက်အုန်းမယ်...''
ငှက်ခါးထွက်သွားတော့တိမ်စိုင်ရေမြန်မြန်ချိုးကာအ၀တ်တွေအားကောက်လျှော်လိုက်လေသည်။
################################
YOU ARE READING
Romanceသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါဗျ ရွှေပြည်သာရွာရဲ့ဆိုးပေ့မိုက်ပေ့ဆိုတဲ့လူမိုက်ခေါင်းဆောင်တိမ်စိုင်နဲ့မတော်တဆတွေ့မိခဲ့တဲ့ရွှေဘုံနန်းထက်ဆိုတဲ့သူဌေးသမီးလေး.. မြင်မြင်ချင်းသဘောကျခဲ့ရသောတိမ်စိုင့်အချစ်ကိုရဖို့သူမဘယ်လိုကြိုးစားမှာလဲ... ရွှေပြည်သာရွာရ...
အချစ်ကလဲ့စား(part7)
Start from the beginning