💜1💜

12K 600 343
                                    

ထိန်းမနိုင်သိမ်းမရအပျော်အပါးမက်လွန်းတဲ့သားဖြစ်သူ
ကင်မ်ထယ်ယောင်းအား အဖေဖြစ်သူမှ
အသက်20နှစ်ပြည့်လက်ဆောင်အဖြစ် ကလေးတစ်ယောက်လက်ဆောင်ပေးခြင်း~

"မဖြစ်သင့်တာဘဲအဖေရာ
ကားအသစ်ပေးရင်လဲဟုတ်သေးတယ် အခု
ဒါကဘာကြီးလဲ~"

"မင်းအတွက်မွေးနေ့လက်ဆောင်လေ~"

ခန္ဓာကိုယ်လုံးလုံးဖောင်းဖောင်းလေးရယ်
မျက်လုံးဝိုင်းဝိုင်းလေးရယ်နဲ့ချစ်စရာကောင်းတဲ့
ငါးနှစ်အရွယ်ကလေးတစ်ယောက်ကိုမွေးနေ့လက်ဆောင်အဖြစ်အပေးခံရလို့ထယ်ယောင်းခေါင်းကြီးပြီလေ~

"ကလေးတစ်ယောက်ကဘယ်လိုလုပ်လက်ဆောင်လဲ
နောက်နေတယ်ဆိုလဲတော်ပါတော့ဗျာ~"

"မနောက်ဘူး အဲ့ကလေးကိုမင်းအတွက်
မိဘမဲ့ကလေးထိန်းကျောင်းကခေါ်လာတာ
သူ့ရဲ့အုပ်ထိန်းသူနာမည်ကိုမင်းနာမည်ထည့်ထားတယ်
မင်းနာမည်နဲ့ကျောင်းလဲအပ်ခဲ့ပြီ~"

"Appa ကျွန်တော်က ကလေးတစ်ယောက်ကို
ပြုစုပျိုးထောင်ရမယ့်အရွယ်မရောက်သေးဘူးလေ
ရုတ်တရက်ကြီးကလေးမွေးစားရတာကအရူးလိုဘဲ~"

"ဘာမှပြောမနေနဲ့တော့ သူကဒီနေ့ကစပြီး
မင်းရဲ့သားဘဲ မင်းသူ့ကိုပြုစုစောင့်ရှောက်ရမယ်
ကျောင်းကြိုကျောင်းပို့မင်းကိုယ်တိုင်လုပ်ရမယ်~"

"ဟာဗျာ ရှုပ်လိုက်တာ~"

"ရှုပ်မနေနဲ့ အခုကနေစပြီးမင်းကိုထောက်ပံ့နေတာတွေ
ဖြတ်မယ် ကိုယ်တိုင်အလုပ်လုပ်ပိုက်ဆံရှာပြီး
ဒီကလေးကိုစောင့်ရှောက်~"

"ဗျာ..အဲ့တာတော့မဖြစ်ဘူးလေဗျာ~"

"သားအဖေပြောသလိုလုပ်ပါသားရယ်နော်
ပြီးတော့ဒီကလေးကလိမ္မာတယ် သူ့နာမည်ကဂျောင်ကုတဲ့
အခုသားရဲ့ကလေးဖြစ်ပြီမို့မျိုးရိုးကိုကင်မ်ထည့်ထားပေးတယ်~"

"Ommaတို့စိတ်ကြိုက်တာလုပ်ကြတော့~"

"ကြိုပြောထားမယ်နော် ကလေးကိုဂေဟာပြန်အပ်တာ
ကလေးတစ်ခုခုဖြစ်တာမျိုးကြားရင်
မင်းကိုသေခန်းပြတ်သားအဖြစ်ကစွန့်လွတ်မှာ~"

"ဟာဗျာ~"

ထယ်ယောင်းကတစ်အိမ်သပ်သပ်ခွဲနေတဲ့အပြင်
အဖေဖြစ်သူပေးထားတဲ့အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ဘဲသောက်စားမူးရူးမိန်းမလိုက်စားလို့ဘဲနေတာမို့
ဘယ်လိုမှဘာနဲ့မှထိန်းချုပ်မရတာမို့ အခုလိုမျိုးစီစဥ်ရခြင်း~

My little star{Complete}Where stories live. Discover now