”ကျေးဇူးပါ အစ်မ...”

နဒီ သူ့ရဲ့ဘာမှမရှိတော့သောပိုက်ဆံအိတ်လေးကိုကြည့်လို့သက်ပြင်းအသာချလိုက်မိသည်...အရေးကြီးတာကသူ့မောင်လေးအဆင်ပြေဖို့သာ...
..... .......
”ဝင့်နဒီ...ဘယ်ချိန်မှငါ့ကိုပိုက်ဆံပြန်ပေးမှာလဲ....နှစ်ခေါက်တောင်ရှိပြီနော်....”

”မနက်ဖြန်ပြီးရင်ပြန်ပေးပါ့မယ် အဲ့နေ့မှလစာရမှာမို့ပါ....”

”တကယ်ဘဲဟုတ်ပါစေ....ငါလာတောင်းတဲ့ချိန်ထိမစောင့်နဲ့ရှိတဲ့အချိန်ပြန်လာပေး....ငါလည်းသုံးစရာလိုတယ်....”

”ဟုတ်...နှစ်ရက်အတွင်းသေချာပေါက်ပေးပါ့မယ်....”

”လာချေးတုန်းကလွယ်လွယ်ချေးပေးခဲ့တာ..”

”နားလည်ပေးလို့ကျေးဇူးတင်ပါတယ်...”

”မြန်မြန်ပြန်လာဆပ်နော်တောင်းတဲ့ချိန်ထိမစောင့်နဲ့....”

”ဟုတ်ကဲ့နှစ်ရက်အတွင်းဘဲ....”

ထိုအချိန်က သူကနံရံအကွယ်တစ်ဖက်မှာရှိနေခဲ့ပြီးအစ်မကသူများအောက်ကျခံနေရသည်ကိုဘာမှမလုပ်ပေးနိုင်ခဲ့....
အခုချိန်ထိလည်းကျွန်​တော်
ဘာမှတောင်မလုပ်ပေးနိုင်ခင်မှာဘဲအစ်မကထွက်သွားခဲ့သည်...

မာန် ဝမ်းနည်းမှုကြောင့်ငိုမိတော့သည်...
...........
”ဟေး...ဘယ်ကယူလာတာလဲ....…”

”ဝယ်လာတာပေါ့..မေးတတ်လိုက်တာ_”

”သိတယ်လေ...ဒါပေမယ့်စျေးကြီးတယ်လေ အစ်မဘယ်ကပိုက်ဆံရတာလဲ....”

”အလုပ်လုပ်တယ်လေ...အများကြီးမမေးနဲ့ယူထားလိုက်...”

”ပရောဂျက်လုပ်တဲ့နေရာမှာဘဲသုံး ညစ်ညမ်းတဲ့နေရာတွေအတွက်မဟုတ်ဘူးနော်....”

”အင်းးး..ကျေးဇူးပါအစ်မ..„”

”စာကြိုးစားနော် မာန်လေး...”

ထိုအချိန်က အများသူငှာလို Laptopသုံးနိုင်အောင်အစ်မကဝယ်ပေးခဲ့ဖူးသည်....
............

မာန် သူငယ်ချင်းနဲ့အတူအပြင်ထွက်လာတုန်း တိရစ္ဆာန်ပစ္စည်းအရောင်းဆိုင်ရှေ့ကိုရောက်တော့မြင်ဖူးနေကြလူရဲ့နောက်ကျောကိုတွေ့လိုကာ်ရတာကြောင့်သေချာကြည့်မိမှသူ့ရဲ့အစ်မဖြစ်​နေခဲ့သည်....

UNSTOPPABLE LOVE {Ongoing}Kde žijí příběhy. Začni objevovat