ရင်ခုန်သံ ထပ်တူ အပိုင်း ၄

Start from the beginning
                                    

"ခဗျား...သေချာလိူ့လား
အခန်းတခန်းပိုယူပြီး အဲ့အခန်းမှာသွားအိပ်တယ်ဆိုတာ "

"ပြသာနာပဲ cctvကြည့်မလား "

" ကြည့်မယ်! !! ဟွန့် ခဗျားမဟုတ်တာ တစ်ခုခု လုပ်ထားလိူ့ကတော့... "

" ကောင်းပြီလေ "

သို့နှင့် သူတို့လဲ cctv အခန်းကိုသွားကာ လုံခြုံရေးကို ပိုက်ဆံပေး အကူအညီတောင်းပြီး ညက အချိန်ကိုပြန်ကြည့်ကြတော့

သူကိုယ်တိုင်မူးရူးသောင်းကျန်းနေတာကို မျက်မြင်တွေ့လိုက်ရပြီး
အံ့သြနေပုံလေးက အူယားစရာအတိ သူ့ကိုယ်သူဒီလောက်သွေးဆိုးမှန်းမထင်ထားဘူးထင်ပါရဲ့...

ဇမ္ဗူလဲ ထိုကလေးအံ့သြနေပုံကို ပြုံးကာကြည့်နေရင်း
အတွေးတို့က မနေ့ညကဆီသို့....

"ဟိတ် ငိုမနေနဲ့တော့ အိပ်တော့မလား
အမူးပြေသွားအောင် အန်လိုက်ပါ့လား "

"မပြေချင်ဘူး..ဟီးးဟီးးးလူယုတ်မာ ခွေးလောက်တောင် သစ္စာမရှိတဲ့လူ
ဟီးးဟီးးး လက်စားချေမယ် ကိုကို ခဗျားကို ကျွန်တော် လက်စားချေမယ်
ဟင့်...ဟင့်... လူယုတ်မာ..."

" ဟင်းးးး အိမ်ပြန်မလား ကိုယ်လိုက်ပို့မယ် "

" မပြန်ပါဘူးဆို....!!! ဟင့်ဟင့် သူများသားလေး အသည်းကွဲနေတာကို
ဒီလူကြီးက အတင်းအိမ်ပြန်ခိုင်းနေတယ် ဟီးးးးးဟီးးးး ".

"ဟားဟား... မပြန်ခိုင်းပါဘူးကွာ မင်းတော်တော် ရစ်နိုင်တာပဲ
ငိူနေတာလဲကြာပြီ မမောသေးဘူးလား "

"အယ်...ခဗျားမှာသွားတွေရှိတယ်"

"ဟင် သွား?"

"သွားလေ ဒီလိုဒီလို ချွန်ချွန်လေး "

"အော် သွားထပ် ကိုပြောတာလား"

"အင်း ကျွန်တော်လိုချင်တယ် ကျွန်တော်ကိုပေး"

"ဟင် ဟားဟား ပေးလို့ရလို့လား "

"ရတယ်ရတယ် ပေးပါဆို ပေးလို့"

"ဘယ်လိုပေးရမှာလဲ"

"ခဗျားကြီး မပေးချင်လို့ တမင်ယုတ်မာနေတာမလားးးဟီးးးးမေမေရေ
သားကိုအနိုင့်ကျင့်နေတယ် သွားလေးတောင်းတာကိုမပေးဘူးတဲ့"

ရင်ခုန်သံထပ်တူ    ရင္ခုန္သံထပ္တူWhere stories live. Discover now