ရင်ခုန်သံ ထပ်တူ အပိုင်း ၄

203 6 0
                                    

"မင်းနိုးပြီလား "

" ခဗျား...!!! "

" နိုးရင်လဲ ထတော့ မင်းအတွက်မနက်စာမှာထားပေးတယ် "

"ဟာ ခဗျား...ခဗျား လူယုတ်မာကြီး !!!
ဟီးးးးး သူများသားသမီးလေးကို...ဟင့်...ဟင့်"

" ဟမ် "

ရုတ်တရက်ကြီး သူ့ကိုခေါင်းအုံတွေနဲ့ ပြစ်ပေါက်က ထငိုနေတဲ့ ငဂျစ်လေးကြောင့် ဇမ္ဗူထင်ရှား လဲ ကြောင်သွားရသည် ။
သူလဲဘာအမှားမှ မလုပ်မိပေမဲ့ပေါ့

"ဘာဟမ်လဲ ဘာဟမ်လဲ ခဗျားကြီး ဝိုင်ထဲမှာ
ဘာဆေးတွေခတ်ထားတာလဲ ပြောပြော
ခဗျားကိုတရားစွဲမယ် ထောင်ချပြစ်မယ် "

" ဟာ ဟေ့ဟေ့ ဘာတွေတွေးနေတာလဲ
ပြသာနာ ပဲ လူကိုအမှု့ကြီးအောင်လုပ်နေတယ် "

"ဟုတ်တယ်လေ ခဗျားကြီး လူကိုဆေးခတ်ပြီး ....ဟီးးးးးဟိဟိ "

"အဟားဟား လူကငယ်ငယ်လေးနဲ့
ဒီလိုပေါက်ကရတွေလဲတွေးတက်တာပဲလား"

"ဘာပေါက်ကရလဲ ခဗျားကို
တရားစွဲမယ်ကြည့်နေ ထောင်ပါချပြစ်မယ် "

" အေးအေး မင်းစကားမင်းမှတ်ထားနော် ငါမင်းကိုဘာမှမလုပ်ကြောင်း
သက်သေပြနိုင်ရင် မင်းကိုပြန်တရားစွဲမှာနော် ဘယ်လိုလဲ "

" ရတယ်လေ ခဗျားဘယ်လိုသက်သေပြမှာလဲ ပြော "

"လာလိုက်ခဲ့ ဒီဟိုတယ်က အခန်းအတွင်းကလွဲရင် နေရာတိုင်းမှာ
cctvရှိတယ် ကြည့် ဒီလမ်းတစ်လျောက်မှာတွေ့လား"

သူကို အခန်းပြင် ဆွဲခေါ်ကာ လမ်းတလျောက်ရှိ
cctvတွေကိုပြလိုက်တော့
လူကို မယုံသလိုထပ်ကြည့်လာပြန်၏။

"ကျွန်တော်က အဲ့တာကို ဘယ်လိုယုံရမှာလဲ! !!
ကျွန်တော့်အဝတ်တွေပါ ပြောင်းနေတာလေ"

"ဟာ ငဂျစ် မင်းတော်တော်ရစ်ပါလား
ညက အရက်မူးလို့ သွေးဆိုးတယ်ထင်တာ
အခုတော့ မမူးပဲလဲ ရစ်တက်တာပဲ... "

"ခဗျားနော် "

" ခဗျားနော်မနေနဲ့ ညက မင်းအန်လို့ အဝတ်က လဲထားပေးရတာ
ပြီးတော့ ငါ့အခန်းမှာ မင်းအိပ်နေလိူ့
ငါအခန်းသပ်သပ်ထပ်ယူလိုက်ရတယ်
မယုံရင် အောက်ထပ်က ကောင်တာမှာသွားမေး"

ရင်ခုန်သံထပ်တူ    ရင္ခုန္သံထပ္တူOnde histórias criam vida. Descubra agora