အခန်း ၁၆။ ကလေး‌မက လိမ်သွားတာ

347 17 1
                                    

လူတွေက ဆွေးနွေးနေကြစဉ်မှာပဲ ဂိုဏ်ချုပ်မှာ ဆေးသန့်စင်ရန် လိုအပ်သည့်အရာများအား ပြင်ဆင်ပြီးသွားလေပြီ။

မကြာမီမှာပဲ ကျောက်ယွမ်သည် ဆေးမီးဖိုအနီးသို့ သွားကာ ဆေးလုံးကို သန့်စင်ရန်စတင်လုပ်‌ဆောင်တော့လေသည်။

ကျောက်ယွမ်က စိတ်ထဲတွင် ပြောလိုက်သည်
"ဉာဏ်အလင်းပွင့်မှုစတော့"

မှိန်ဖျဖျအပြာရောင်လေးမှာ သူ့မျက်လူံအတွင်းတစ်ချက်ထွက်ပေါ်လာသည်။

သူ့စိတ်မှာ ချက်ချင်းကြည်လင်သွားသည်။ သူအရင်က ကြုံခဲ့သော ထူးဆန်းသည့် ခံစားချက်တစ်ခုမှာ ထပ်မံထွက်ပေါ်လာခဲ့သည်။ စိတ်ထဲတွင် ထွက်ပေါ်လာသည့် နည်းလမ်းများအတိုင်း ကျောက်ယွမ်က စတင်ကာ သန့်စင်ရန် ပြင်ဆင်တော့လေသည်။

ဆေးပညာတွင် ဆေးအမယ်များအား သေချာပြင်ဆင်ရန်လိုအပ်ခြင်းပင်မဟုတ်ပေ။ ဆေးဆရာတစ်ယောက်၏ စိတ်နှင့် ခန္ဓာကိုယ်ကပါ အရေးပါလေသည်။

ဆေးဆရာတစ်ယောက်အနေနှင့် ဆေးမဖော်စပ်ခင် သေချာစိတ်ကို မပြင်ဆင်ထားပါက ကျရှုံးရန် အခွင့်အလမ်းအလွန်များသည်။

ထို့နောက် လင်းချင်းယွမ်ဘေး၌ အနီရောင်မျက်နှာနှင့် လူကြီးတစ်ယောက်ပေါ်လာသည်။

မည်သူမျှ ဤသည်အားသတိမထားမိလိုက်ပေ။

"ဂိုဏ်းချုပ်" လူကြီးက နှုတ်ဆက်လိုက်သည်။

"ဆရာဆေးလုံး"

လင်းချင်းယွမ်သည် လူကြီးအားမြင်ပြီး ခေါင်းညိမ့်လိုက်သည်။

လူကြီးမှာ စိတ်ဝိညာဉ်တောင်ကြား၏ မဟာအကြီးအကဲဖြစ်လေသည်။ သူ့အား ဆရာဆေးလုံးဟုခေါ်ကြခြင်းမှာ သူသည် ဆေးပညာနှင့်ပတ်သတ်၍ အလွန်တရာစိတ်ဝင်စားသောကြောင့်ဖြစ်လေသည်။

"ဂိုဏ်းချုပ် ဆေးလုံးကိုဘယ်ကရတာလဲ"

ဆရာဆေးလုံးသည်ရောက်လာပြီးသည်နှင့် အချိန်မဖြုန်းပေ။ ချက်ချင်းပဲ လက်ဝါးထဲရှိ ပြီးပြည့်စုံအဆင့်ဆေးလုံးကို ပြကာမေးလိုက်သည်။

ယောင်ချန်းက သူ့အား အခုလေးတင် ဤဆေးလုံးကိုပေးခဲ့ခြင်းဖြစ်သည်။ သူသည်ဤဆေးလုံးအားမြင်လိုက်ချိန်တွင် ထိတ်လန့်ကာ စကားပင်မပြောနိုင်ဖြစ်သွားခဲ့ရသည်။

ဥာဏ်အလင်းတို့၏ အရှင်သခင်(ကျောက်ယွမ်)जहाँ कहानियाँ रहती हैं। अभी खोजें