အပိုင်း(19)

2.6K 78 0
                                    

အပိုင်း(19)

''အား...ဟင့်အင်း... ဖယ်နော်...
ကျွန်မ ရိုက်မှာနော်...အွန်း...''

သူ့ဆီက ပြင်းရှရှ ဝိုင်အနံ့များနှင့်အတူ
ပုံ နှုတ်ခမ်းလေးအားနမ်းရှိုက်ချင်း
ခံလိုက်ရပြီး သူ့ရင်ခွင်ထဲ ကျစ်နေအောင်
ဖက်ထားသော သူ့ကြောင့် ပုံ မျက်ဝန်းများ
ပြူးကျယ်နေကာ လှုပ်လို့ပင် မရပေ။

ရှက်တက်သည့်မျက်ရည်များကလဲ ပါးပြင်
အထက်စီးကျလာကာ လက်သီးဆုပ်လေးများကလဲ သူ့ကျောပြင်ကြီးအား အတင်းထုရိုက်နေတော့သည်။

''ဟင့်အင်း ဖယ်နော်.. အို..."

နှုတ်ခမ်းလေးအား အလွတ်ပေးချိန်
ပုံ အသံလေးမှာ ထွက်လာသော်လဲ
သူ့ရဲ့လက်ရဲဇာတ်ရဲ လက်များမှာ
ပုံကိုယ်လေးအား ပွတ်သပ်လာချိန်..
ပုံ မျက်ဝန်းထဲဘာမှမမြင်တော့ဘဲ
အကြောက်လန့်တကြာ ရိုက်ချလိုက်တော့သည်။

ဖြန်း...

ရိုက်ချက်နှင့်အတူ မွေ့ယာကြီးအထက်
လဲကျသွားသော သူ့အားပုံ ပြူးကြောင်ကြောင်လေးကြည့်နေမိသည်။

သူကတော့ ထိုမွေ့ယာကြီးအထက်ပြန်မထလာဘဲ မျက်ဝန်းများလဲ မှတ်နေပြီး လှုပ်ပင်မလှုပ်
တော့သောကြောင့် ပုံ ပါးပြင်မှ မျက်ရည်များအားသုတ်ပစ်ကာ....

''ဒီမှာ...ရှင်..ရှင်မူးနေတာလား...ဒီမှာ...''

ပုံ မရဲတရဲလေးသူ့အားလှုပ်နိုးကာ
သူကတော့နိုးမလာတော့။

ပုံ သူ့ရဲ့ ပုံအားကြည့်၍ အထိန့်တလန့်လေး
ဖြစ်နေရာမှ ပုံပျက်နေသော အင်္ကျီလေးများအားအမြန်ပြင်၍ ထိုအခန်းကြီးထဲမှ
ပြေးထွက်လာတော့သည်။

ထိုအချိန်မျက်ဝန်းများမှိတ်ထားရာမှ
တဖြည်းဖြည်းပွင့်လာသော မှတ်တမ်း
နှုတ်ခမ်းများမှာ ပြုံးယောင်သမ်းသွား၍
အရိုက်ခံလိုက်ရသော ပါးပြင်အား အသာကိုင်ကာ..

''အဟွန်း လက်သံပြောင်လိုက်တဲ့ ကလေးလေး  ....''

ပုံ အထိပ်တလန့်လေး သမီးလေးအခန်းထဲ
ပြေးဝင်လာကာ သမီးမှာအိပ်ပျော်နေပြီ
ဖြစ်တာကြောင့် အခုထိတုန်နေ​သော
ရင်ဘက်လေးအား အသာဖိလိုက်၍
ထိုနေရာတွင် ထိုင်ချလိုက်ကာ ပါးပြင်အထက်
မျက်ရည်များစီးကျလာ၍ ငိုချလိုက်တော့သည်။

ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete) Where stories live. Discover now