Chapter 21

1.2K 253 0
                                    

အွန်လိုင်းလောကကြီးက ဖရိုဖရဲပရမ်းပတာများဖြင့်ပြည့်နှက်နေပြီး ယွီချိုးအကြောင်းပင်မသိကြသော လူအချို့ကလည်း အမျိုးမျိုးသောလွှမ်းမိုးမှုတို့ကြောင့် ခိုးကူးမှုဆန့်ကျင်သောလူအုပ်ထဲ ပူးပေါင်းလာခဲ့တော့သည်။ယွီချိုးမှာအသံဖိုင်ကိုတည်းဖြတ်နေရင်း ပင်ပန်းသည်ဟုခံစားလာရသဖြင့် ကွန်မန့်များကိုဖတ်ရန် ဆုံးဖြတ်လိုက်လေသည်။

"ဘုရားရေ ရွံ့စရာပဲ! ငါကတော့ သူပြောင်းလဲသွားပြီလို့ ထင်ထားခဲ့တာ ဖြစ်ချင်တော့ သူကချုပ်တည်းထားပြီး ကြီးကြီးမားမားသတင်းထုတ်ဖို့အတွက်ပြင်ဆင်ရင်း စောင့်နေရုံသပ်သပ်ပဲ"

"ယွီချိုးက ဒီလောက်တောင်စက်ဆုပ်အထင်သေးစရာကောင်းတဲ့လူတစ်ယောက်ပဲ"

"အဓိကလူပြက်က ဖျော်ဖြေဖို့ထွက်လာတာလား? မင်းဖေဖေက ကြည့်ဖို့အားမနေဘူး"

"ညီအစ်မတို့ သူရေးခဲ့တဲ့ဒီစာကြောင်းကိုဖတ်ကြည့်လိုက် သေစမ်း အရမ်းစက်ဆုပ်စရာကောင်းတာပဲ [ဓာတ်ပုံ]"

သူ၏ဝတ္ထုမှစာပိုဒ်တစ်ပိုဒ်ကို screenshotရိုက်ယူထားသောဓာတ်ပုံကို ယွီချိုးကနှိပ်လိုက်လေသည်။

"သူက ထိုသူ့ကိုပွေ့ဖက်လိုက်၏။အနွေးဓာတ်ကိုခံစားရကာ ရုတ်တရက်ဆိုသလို သူမိခင်၏သားအိမ်အတွင်းရှိနေခဲ့စဉ်ကလို တူညီစွာလုံခြုံမှုရှိသည့်ခံစားချက်ကိုရှာဖွေတွေ့ရှိသွားခဲ့ပြီး ဘာတစ်ခုကိုမှမကြောက်ရွံ့တော့ဘဲ ယနေ့က မိုးသည်းသည်လား သို့မဟုတ် မိုးချုန်းနေသည်လားဆိုသည်တို့ကို ရိုးရှင်းစွာပင်လျစ်လျူရှုလိုက်တော့သည်။ဆူညံသံများကြား သူကကိုယ်ကိုကွေးကာ သက်ပြင်းချလိုက်၏။"

"သေစမ်း အရမ်းစက်ဆုပ်စရာကောင်းတာပဲ! ဘယ်သူကများ ချစ်ရသူရဲ့ပွေ့ဖက်မှုကို သားအိမ်နဲ့ခိုင်းနှိုင်းလို့လဲ?"

"သူ့ခေါင်းထဲမှာ သားအိမ်တွေကလွဲရင် အခြားတစ်ခုခုများရှိလို့လား?"

"သူ့ကိုမွေးတုန်းက သူ့ဦးနှောက်ကသားအိမ်ထဲမှာကျန်ခဲ့တာ ဖြစ်လောက်တယ်! Bleh!"

"အိုး ဒီတစ်ခုလည်းရှိသေးတယ် ကြည့်လိုက်ကြ
ညီအစ်မတို့ [ဓာတ်ပုံ]"

落到玫瑰上的星星 || ဘာသာပြန် 《Completed》Where stories live. Discover now