《Unicode》
1st June (2014)
လှိုင်းလုံးတို့ရဲ့ရိုက်ခတ်မှုကြောင့် စိုစွတ်သွားသည့်
သဲမြေပြင်၏ဝေးရာမှာဖင်ချထိုင်လိုက်ရင်း အောင့်ထိန်းထားသည့်မျက်ရည်တွေကိုလွှတ်ချလိုက်သည်။
"မေမေက အကျင့်မကောင်းဘူး။ မလိုက်ချင်ပါဘူးဆိုနေမှ။"
တရဟောကျလာသည့်မျက်ရည်တွေကို လက်ဖမိုးနဲ့သုပ်ရင်း စကားတပြောပြောနှင့်ငိုနေသော ၁၀နှစ်
အရွယ်ကောင်လေးကို အိမ်ကလူကြီးတွေကတော့
ခေါင်းပူအောင်လိုက်ရှာနေကြလေရဲ့။
ယခင်ကဖြူဖွေးနေသည့်တိမ်များက ယခုတော့ ညိုမှိုင်းကာညစ်မည်းသည့်
တိမ်မည်းများအဖြစ်ပြောင်းနေခဲ့ပြီကို အငိုသန်သောကောင်လေးကတော့
သတိမထားမိခဲ့ပါ။
"အိမ်ပြန်ချင်...တယ်"
ရှိုက်ကြီးတငင်ငိုနေရင်းကနေ စကားရအောင်ပြောလိုက်သေးသည့် ထိုကလေးကမိုးစက်ကလေးတွေကို
တောင် အဖက်မလုပ်နိုင်ခဲ့။
ထိုအချိန်မှာ အရှိန်ပြင်းပြင်းတိုက်ခက်လာသည့်
လေကြမ်းတွေကြောင့် ထိုကောင်လေးလည်း
ငိုနေရာမှရပ်သွားတော့သည်။
"လေကလည်း တိုက်လိုက်တာ။"
နှုတ်ခမ်းဆူကာ တညည်းတညူပြောရင်း
မတ်တပ်ထရပ်ကာ သဲတွေပေနေတဲ့ဘောင်းဘီ
အနောက်ဘက်ကို လက်နဲ့ခါပစ်လိုက်သည်။
လေရဲ့အရှိန်ကြောင့်မသိမသာယိုင်သွားသည့်
ခန္ဓာကိုယ်လေးကိုအားယူထိန်းရင်း အိမ်ပြန်လမ်းကိုလျှောက်လာခဲ့သည်။
"မုန်းတယ် မေမေ့ကိုရော လေကိုရော မိုးကိုရော အကုန်မုန်းတယ်။"
နှာခေါင်းဝကနှပ်ကိုသုတ်ရင်း ပွစိပွစိပြောနေသော ကောင်လေးအနားသို့ မိုးဝါအနီရောင်လေးဝတ်ထားသည့် ရွယ်တူကောင်လေးတစ်ယောက်
အပြေးကလေးရောက်လာသည်။
"ရှင်းမ်ရစ်ခီ"
သူ့နာမည်ကို အော်ခေါ်ကာအနားကို
ရောက်လာသော မျက်လုံးဝိုင်းဝိုင်းနဲ့ကောင်လေးကို
ရစ်ခီလေးက လေတွေကြားကနေ မျက်လုံးပြူးကြည့်လိုက်သည်။
"ဘယ်သူလဲ မင်းက"
မျက်လုံးဝိုင်းဝိုင်းနဲ့ကောင်လေးက မပြောမဆိုနဲ့ရစ်ခီလေးရဲ့ လက်ကိုဆွဲရင်း ကမ်းခြေကနေဆွဲခေါ်လာခဲ့သည်။
![fireworks [completed]](https://img.wattpad.com/cover/352069068-64-k264331.jpg)