"ချစ်သူလေး ကိုယ်တို့ကမ္ဘာအဆုံးထိသွားကြမလား?"

ရွှမ်ယွင်ကအခြေအနေကို မသိသေးပေ။ယွီချိုးက သူ၏ရှားပါးသောအပြစ်ကင်းစင်မှုလေးကို တမင်တကာကာကွယ်ချင်ခဲ့ကာ ဤအညစ်အကြေးကြောင့် သူ့ကိုစွန်းထင်းခြင်းမျိုးမဖြစ်စေလိုသဖြင့်
ထိုအကြောင်း ဘာတစ်ခုမှထုတ်မပြောခဲ့ပေ။

ယွီချိုးကစက်ဘီးပေါ်တွင်ထိုင်ကာ နောက်ဘက်မှနေ၍ရွှမ်ယွင်ကိုဖက်ထားရင်း နှစ်ဦးသားမှာ မြစ်ကမ်းနားသို့စက်ဘီးစီးသွားခဲ့ကြ၏။ယွီချိုးကကျယ်ကျယ်လောင်လောင်ဖြင့် ပြောလိုက်လေသည်။

"မင်းကမ္ဘာအဆုံးထိသွားမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား?"

"အဲ့တာက ဝေးလွန်းတယ်!"

ရွှမ်ယွင်ရယ်မောလိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလာလေသည်။

"ညစာစားပြီးမှ သွားကြတာပေါ့!"

ဆည်းဆာချိန်၏တောက်ပမှုက မြစ်ပြင်၏လှိုင်းကြက်ခွပ်လေးများပေါ် တလျှပ်လျှပ်လင်းလက်နေခဲ့ပြီး အမှောင်ထုက အလင်းရောင်ကိုဖြည်းညှင်းစွာပင် သော့ခတ်သိမ်းဆည်းနေခဲ့လေသည်။မိုးကုပ်စက်ဝိုင်းပေါ်ရှိ နောက်ဆုံးအလင်းရောင်အစက်အပြောက်တို့ ပျောက်ကွယ်သွားချိန်၌ နှစ်ဦးသားမှာမြစ်ကမ်းပါးပေါ်၌ရပ်လျက် အနမ်းချွေခဲ့ကြ၏။

သူတို့နောက်၌ မရေမတွက်နိုင်သောအလင်းရောင်များ၊မမြင်မတွေ့နိုင်သော အလှမ်းဝေးသည့်နေရာအတွင်းသို့ပြန့်နှံ့နေသော နီယွန်မီးရောင်များနှင့်
မြင့်သွန်းသော မိုးမျှော်တိုက်များရှိနေလေသည်။ယွီချိုးကမျက်လုံးများကိုဖွင့်လိုက်ကာ ကြယ်များကိုမြင်တွေ့လိုက်ရ၏။

ရွှမ်ယွင်နှင့်နဖူးချင်းထိကပ်ထားရင်း သူကတီးတိုးဆို၏။

"ငါမင်းကိုမေးစရာတစ်ခုရှိတယ်"

"မေးလေ!"

ရွှမ်ယွင်မှာမျက်လုံးများကိုမှေး၍ကြည့်နေကာ ဤအခိုက်အတန့်ကို လုံးလုံးလျားလျားမွေ့လျော်နေခဲ့လေသည်။

"မင်းငါ့အတွက် ရှေ့နေ့ငှါးပေးခဲ့တာလား?"

"...."

落到玫瑰上的星星 || ဘာသာပြန် 《Completed》Where stories live. Discover now