[ကျန်းဟောင့်ရဲ့ပြောင်မြောက်လှတဲ့ ဇာတ်ကောင်တင်ဆက်မှုနောက်ကွယ်မှာ မူးယစ်ဆေး အထောက်အကူများပါနေမလား]

ဟား... ချောက်ချတာလည်း ချောက်ချတာပေါ့ ဒီသတင်းခေါင်းစဉ်ကြီးက သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးလွန်းရာ ကျမနေဘူးလား။ ထို့နောက် ဆက်တိုက်တက်လာတဲ့ သတင်းခေါင်းစဉ်များကပို၍ပင် စိတ်ဝင်စားစရာကောင်းသေး၏။

[အနုပညာလောကမှာ နေရာရဖို့အတွက် သူဌေးမများကို ချူစားခဲ့သည့် ကျန်းဟောင့်ရဲ့ငယ်ဘဝ]

ငယ်ငယ်တုန်းက တယောလေ့ကျင့်ရလွန်းလို့ လက်ပင်အကြောလိုက်မလို့ဖြစ်ခဲ့ရသည်။ ပွဲထွက်ခါစက အတွေ့အကြုံမရှိသေးတာကြောင့် အလုပ်အပြီးတွင်လည်း သရုပ်ဆောင်သင်တန်းမှီအောင် ပြေးခဲ့ရတာလေ။ ဒီလိုဖြတ်လမ်းမျိုးကို ငယ်ငယ်ကမသိခဲ့တာကြောင့် သေအောင်ကြိုးစားခဲ့ရတာ။ ဒီလိုသတင်းမျိုးက သူပွဲမထွက်ခင်ထဲက စောစောစီးစီး တက်လာခဲ့သင့်တာပေါ့။ ဒီလောက်ချောနေတဲ့ ရုပ်လေးရှိတာကို အဲ့လောက်လွယ်မှန်းသိရင် စောစောထဲက စပွန်ဆာရှာခဲ့မှာ...အခုလောက်အထိ ဘယ်အပင်ပန်းခံခဲ့ပ့မလဲ။

အရီရဆုံးမှာ [ကျန်းဟောင့် သူ့ကြောင့်ရသွားတဲ့ ကိုယ်ဝန်ကိုတာဝန်မယူချင်လို့ အတင်းဖျက်ချခိုင်း] ဆိုတဲ့သတင်းခေါင်းစဉ်ပင်။

ကိုယ်ဝန်တဲ့လား?...မိန်းကလေးတွေကို စိတ်မဝင်စားတဲ့မိမိက ဒီလိုစွမ်းဆောင်နိုင်တာလားလို့တောင် သံသယဖြစ်မိတဲ့အထိ ရီချင်စရာကောင်းခဲ့ပါ၏။ ပိုပြီးရီချင်စရာကောင်းတာကတော့ သူ့ကိုချစ်လှပါရဲ့ဆိုသော ဘယ်ကမှန်းမသိတဲ့လူတစ်စုက ကျန်းဟောင့်ပရိတ်သတ်အဖြစ်ကနေ နှုတ်ထွက်ကြောင်း ဆိုလာခဲ့တာပင်။ ဒါပေမဲ့လည်း 'အမှိူက်ကစ ပြသာဒ်မီးလောင်'ဆိုသလိုပင် သို့လော သို့လော မကောင်းသတင်းတွေဟာ တဖြည်းဖြည်းများပြားလာခဲ့သည်။ ကုမ္ပဏီဘက်က ဖြေရှင်းချက်ထုတ်လည်း အသုံးမဝင်။ ကိစ္စများဟာ အလကားသက်သက်ဖြစ်လာစရာမရှိကြောင်း ဒီအနုပညာနယ်ပယ်မှာ ကျင်လည်တာကြာပြီဖြစ်၍ ကျန်းဟောင့်နားလည်၏။ သူဟာကိစ္စအကြီးကြီးတွေကို ဖုံးကွယ်ရန်အတွက် အသုံးပြုရန်အကောင်းဆုံး ဓားစာခံတစ်ယောက် ဖြစ်သွားခဲ့ခြင်းသာ။

𝐘𝐨𝐮_Where stories live. Discover now