"၀င်ခဲ့ပါ"

​​ဆောနူ နီရဲ​နေ​သောနားရွက်ဖျား​လေးများကို လျစ်လျူရှုလျက် တည်ငြိမ်စွာဖြင့်ပင် တုန့်ပြန်ရန်ကြိုးစားလိုက်ရသည်။

____________________________________

Self-studyအချိန်

အင်္ဂလိပ် သဒ္ဒါတချို့အား စိတ်နှစ်၍ကြည့်ရှု​နေ​သူအား ပတ်ဂျုံ​ဆောင်း ​ဘောပင်ကိုကိုက်လျက်သား
ခဏခဏလှည့်ကြည့်​​နေခဲ့မိသည်။

"မင်းရဲ့ဇက်ကလိမ်​နေလို့လား ချိုး​ပေးဖို့အကူအညီလို​သေးလား"

စာအုပ်အား အကြည့်မပျက်ပင် ​ထေ့​ငေါ့လာ​သော
ပတ်​ဆောင်ဟွန်း၊

ပတ်ဂျုံ​ဆောင်းက​တော့ ဂရုမစိုက်စွာ
တွက်လက်စPhysicsတစ်ပုဒ်၏အ​ဖြေကိုချ​ရေးလိုက်သည်။

"​နောက်ဆုံး​တော့ အသိတရားရသွားပြီလား မယုံနိုင်ဘူး ဆိုတဲ့ reactionလို့​ခေါ်တယ်"

​ပတ်​ဆောင်ဟွန်းက သူ့အားအဖတ်လုပ်ရန်ပင် ပျင်း​နေဟန်၊

"စာ​မေးပွဲက​နောက်လကုန်​၊ အသိတရားမရတာကမှထူးဆန်း​နေမှာမဟုတ်ဘူးလား "

​ရှေ့ခုံက​နေလှည့်ပြီး၀င်​ထောက်လာ​သော ရှင်းဂျယ်ယွန်းအား ပတ်ဂျုံ​ဆောင်း ကစိတ်မရှည်ဟန်ဖြင့်

"မင်း ကိစ္စမဟုတ်ဘူး ကိုယ့်စာကိုယ်လုပ်"

"စာလုပ်ချိန်မှာ စကားများ​နေတာမင်း​လေ "

ရှင်းဂျယ်ယွန်းမှာ အတန်း၁က စာဂျပိုးဖြစ်ကာ မိမိတို့အထက်တန်း ဒုတိယနှစ်​တွေထဲ အဆင့်၁ပင်၊
​လော​လောဆည် ထိုစာဂျပိုး ရှင်းဂျယ်ယွန်းမှာ
သူတို့ အတန်း​ခေါင်း​ဆောင်​နေမ​ကောင်းသဖြင့်
အတန်း၂၏ယာယီအတန်း​ခေါင်း​ဆောင်အဖြစ်
အတန်းပိုင်ထံမှခန့်အပ်ခြင်းခံထားရသူ၊

ဟိုစပ်စပ်ဒီစပ်စပ်နှင့် ဆရာကြီးကလည်း၀င်လုပ်ချင်
ရာထူးအာဏာ​လေးကလည်းပြချင်နဲ့ ဂျယ်ယွန်းအား
ပတ်ဂျုံ​ဆောင်းက​တော့ ကြည့်မရ၊

ကြည့်မရဆို သူရန်ဖြစ်တိုင်း ရှင်းဂျယ်ယွန်းနှင့် တိုးကာ အတိုင်ခံရခြင်းဖြင့်သာအဆုံးသတ်ရသည်ကိုး၊

[Sir, My Heart Is Skipping Again]Where stories live. Discover now