[2]

591 99 2
                                    

Unicode

ထို​နေ့ကရန်ပွဲကိုအ​ကြောင်းပြုလျက် သူ​နှင့်ဂျုံ​ဆောင်း
ကျောင်းတစ်ပါတ်ခန့်နားလိုက်ရသည်။

တကယ်ဆို ​ကျောင်းနားရတာမနားရတာသူ့အတွက် ကိစ္စမရှိ၊ အိမ်ကအိပ်ယာက ပျင်းစရာ​ကောင်း​သော စာသင်ခန်းထက်​တော့ ပိုအပန်း​ပြေလှသည်မဟုတ်ပါလား၊

သို့​သော် ဘာလို့မှန်းမသိ သူစိတ်သိပ်မကြည်လှ၊

'​ရေမထိရဘူး၊ လှုပ်လှုပ်ရှားရှား မလုပ်ရဘူး၊
အ​လေးအပင်​တွေမမရဘူး၊ ချုပ်ရိုးကွဲထွက်တတ်တယ်၊ သုံးရက်​နေရင်ပြန်လာခဲ့ ​ဆေးထည့်ပြီး ပတ်တီးလည်းလဲ​ပေးရမယ်'

ဆူပွပွနှုတ်ခမ်း​လေးနှင့်တတွတ်တွတ်​ပြောရင်း သူ၏လက်ကိုချုပ်​ပေး​နေခဲ့​သော ဆရာ၀န်​ပေါက်စက ​ခေါင်းထဲ​ရောက်လာသည်၊

ကင်​ဆောနူက ဘယ်ဇာတိကလဲ
စကားက​တော့အ​တော်များတာ၊

ဓါးနဲ့နည်းနည်းရှပ်ထိရုံ​လောက်ပဲကို

လူကိုမှာတာဆိုတာလည်း ​သေခါနီးလူနာလိုပဲ၊
ပစိပစပ်ကများ၊ သ​ဘောထားကလည်း ​သေး​သေး၊
လူကပိစိ​လောက်ဆို​တော့ စိတ်ကလည်း တစ်​တောင်စာပဲရှိတယ်၊

လူနဲ့မ​တော်တဲ့ ဂျူတီကုတ်ကြီးခြုံပြီး
သူသိပ်ဆရာလုပ်ချင်​နေတာ အဟက်

ကုတင်​ပေါ်တွင် နဖူး​ပေါ်လက်တင်ကာလှဲ​နေရင်း
ပတ်တီးဖြူဖြူတို့စည်းထား​သော လက်ကို သူမှင်​သေ​သေနှင့်ကြည့်​နေမိသည်။ ​သေ​သေသပ်သပ်စည်း​နှောင်ထား​​သော ပတ်တီးစ၏အဆုံးကို ဖဲပွင့်လှလှ​လေးချည်​ပေးထား​သေးသည်။

ဒါ သူမကြိုက်မှန်းသိလို့ တမင်လုပ်​ပေးလိုက်တာ၊
ကင်​ဆောနူက ဘယ်နှနှစ်မို့လဲ
က​လေးဆန်ချက်၊

သူ၏နှုတ်ခမ်း​ထောင့်တို့က သူမသိ​လိုက်ခင်တွန့်​ကွေးသွားခဲ့သည်၊ 

အခန်းတံခါး​ခေါက်သံက သူ၏အ​တွေးစဥ်တို့ကို ခတ္တမျှပျက်ပြယ်သွား​စေခဲ့သည်။

သူ​မြှောက်တင်ထား​သောလက်အား အိပ်ယာ​​ပေါ်ပြန်ချလိုက်ရင်း

[Sir, My Heart Is Skipping Again]Donde viven las historias. Descúbrelo ahora