about you

387 57 4
                                    

ယနေ့ရာသီဥတုသည် စိတ်ပျက်စရာကောင်းလောက်အောင်ပင် သာယာနေ၏။ ကောင်းကင်ပြင်မှ တရွေ့ရွေ့ ဦးတည်ရာမဲ့ လွင့်မြောနေသော တိမ်စိုင်တစ်အုပ်သည် ‌ကျွန်‌တော့်၏ ကြည်လင်မနေသော စိတ်အစဉ်ကို လှောင်ရယ်သည့်‌နှယ်။

"ကိုကို.. ‌မေမေ့ကို ပြန်မပြောနဲ့နော်.."

ဆောနူသည် စိုးထိတ်နေဟန်ရှိသော မျက်ဝန်းများဖြင့် ဟီဆွန်းကို ကြည့်လျက် တတွတ်တွတ်ပြောနေခဲ့သည်။

ထိုတလှုပ်လှုပ်နှုတ်ခမ်းဘေးက သွေးစို့ရာသည် ကျွန်တော့်၏စိတ်အား မီးမြှိုက်နေသလို။ ရှုပ်ထွေးစွာ ဖွာလန်နေသော ဆံနွယ်များဟာတော့ လောင်စာလိုပင်။

"မေမေ့ကို မသိစေချင်ဘူး‌.. နော်လို့.. ကိုကို"

ဟီဆွန်း ထိုစကားကို ကြားရသည်မှာ အကြိမ် မရေနိုင်တော့။

"ကိုယ် သိပြီလို့ ဆောနူ.. "

ဟီဆွန်းအသံကျယ်မိတော့လည်း ဆောနူမျက်နှာက ချက်ချင်းပင် ညှိုးကျသွားပြန်သည်။

ထိုမျှ အထိအခိုက်မခံလှသော ပန်းနုငယ်သည် ဒီလို ဒုက္ခ‌များကို ကြုံနေရတာ အချိန်ဘယ်လောက်ရှိနေပါပြီလိမ့်။

တကယ်ဆို ဆောနူ၏ ပေရေနေတတ်သော ကျောင်းဝတ်စုံကိုလည်း ကျွန်တော် သတိထားမိသင့်သည်။ ဆုတ်ဖြဲခံထားရသည့် ကျောင်းစာအုပ်များကိုရော..။

ကျွန်တော်သည် သတ္တိကင်းမဲ့ပြီး သတိမရှိသူသော အရှုံးသမားသာတည်း။

ကျွန်တော်၏ တစ်ခုတည်းသော မြတ်နိုးရသူ မည်သည့်အရာများကို ကြုံတွေ့နေရသည်ကို ကျွန်တော်မသိ။

‌အဆာပြေမုန့်အချို့ဝယ်ရန် လမ်းထိပ်စတိုးဆိုင်ကို သွားမိရာမှ ကျွန်တော့်စိတ်ကို လောင်မြိုက်စေသော ဖြစ်ရပ်ကို မျက်မြင်လိုက်ရသည်။

ဆောနူစာအုပ်များက မြေတွင် ပြန့်ကျဲနေ၏။ ကျောပိုးအိတ်သည် မြေပန်းအိုးပေါ်တွင် ရှိနေသည်။ ဆောနူ၏ ကော်လံစသည် ကောင်လေးတစ်ယောက်၏ လက်ထဲတွင်ရှိသည်။ ဆောနူ၏ နှုတ်ခမ်းစပ်သည် သွေးစို့နေ၏။ ပါးပြင်ပေါ်လည်း ခြစ်ရာတစ်ချို့က ရှိနေပြန်သည်။

𝐌𝐲 𝐋𝐨𝐯𝐞𝐥𝐲 𝐋𝐨𝐯𝐞𝐫 [ 𝐇𝐞𝐞𝐒𝐮𝐧 ] Where stories live. Discover now