ပင်တိုင်တောင်အငေါက်မခံရသေးဘဲ သည်လောက်လန့်နေတာအငေါက်ခံရတဲ့လင်းခေးဆိုလျှင်ဘယ်လိုနေမည်လည်းမသိပေ။အခန်းအပြင်မှပင်တိုင်ချောင်းကြည့်လေရာ ခေါင်းငုံ့လျက်သားဖြင့်ရပ်နေတဲ့လင်းခေးကိုမြင်ရတော့ ပင်တိုင့်ရင်ထဲဆို့နစ်စွာ။

"ကျွန်တော့်အတွက်တော့ပင်တိုင်တစ်ယောက်ထဲက ချစ်သင့်တဲ့လူဘဲ"

"တော်စမ်းလင်းခေး...မင်းတို့ကယောကျာ်းလေးတွေကွ..သင့်တော်၏ မသင့်တော်၏ဆိုတာရှိသေးတယ်"

"ကျွန်တော်ချစ်တာပင်တိုင့်ကို...ယောကျာ်းမိန်းမဆိုတဲ့သတ်မှတ်ချက်တွေကိုချစ်တာမဟုတ်ဘူးဖေကြီး"

"မဖြစ်တော့ဘူး မင်းကိုဒီတိုင်းထားလို့မဖြစ်တော့ဘူး။မင်းနဲ့နှင်းသဒ္ဒါကိစ္စကို ငါတို့လူကြီးတွေတိုင်ပင်ထားသလိုအမြန်စီစဥ်မှဖြစ်တော့မယ်"

"ဖေကြီးဘာတွေပြောနေတာလဲ"

ငုံ့နေတဲ့လင်းခေးခေါင်းမော့လာပြီး ဦးမိုးမြင့်ကိုလည်းနားမလည်နိုင်စွာမေးလာသည်။

အခန်းအပြင်မှာနားထောင်နေတဲ့ပင်တိုင်လည်း နှင်းသဒ္ဒါပါသည်ကိစ္စထဲပါလာတာမို့ လင်းခေးနည်းတူနားမလည်နိုင်စွာဘဲ ဦးမိုးမြင့်ဆက်ပြောမည့်စကားကိုနားစွင့်နေမိ၏။

"ဟုတ်တယ် မင်းတို့ကျောင်းပြီးရင်ပေးစားဖို့ငါတို့လူကြီးချင်းစကားကမ်းပြီးသား။ဒီကိစ္စတွေဖြစ်လာမှတော့ ငါတို့မင်းတို့နှစ်ယောက်ကိစ္စကိုအမြန်အကောင်အထည်ဖော်မှဖြစ်တော့မယ်"

ကြားလိုက်ရတဲ့စကားကြောင့် ပင်တိုင်ခြေထောက်တွေချိနဲ့နေတဲ့လူတစ်ယောက်လို အခန်းနံရံကိုမှီလျက်သာထိုင်ကျသွား၏။ဦးတည်မရှိတဲ့မျက်ဝန်းတွေမှလဲ မျက်ရည်လေးများဝဲတက်လို့သာ...။

"မဖြစ်ဘူးဖေကြီး ကျွန်တော်သဒ္ဒါ့ကိုမချစ်ဘူး...ကျွန်တော်ပင်တိုင့်ကိုဘဲချစ်တာ။ပြီးတော့ သဒ္ဒါနဲ့ကျွန်တော်နဲ့ကသူငယ်ချင်းတွေ ကျွန်တော်မချစ်သလိုသူလဲမချစ်ဘူး"

"အိမ်ထောင်တစ်ခုမှာအချစ်ကြီးအရေးပါတာမဟုတ်ဘူး...မင်းတို့ကသူငယ်ချင်းသံယောစဥ်ရှိပြီးသား အိမ်ထောင်ကျပြီးရင်သူ့အလိုလိုချစ်သွားလိမ့်မယ်"

တပင်တိုင်Where stories live. Discover now