Part - 12 (Final)

553 55 9
                                    


" ကျွန်တော် ပြင်သစ်ကို ပညာတော်သင်သွားတော့မလို့
ဟျောင်း "

" ရုတ်တရက်ကြီးလား "

ထယ်ရယ် စကားပြန်ပြောပြီးနောက်ပိုင်း
ဂွန်းဝုနဲ့ ပထမဆုံးပြောရတဲ့စကားကတော့
ရင်နာစရာအပြည့်ပါပဲ
ဂွန်းဝုရဲ့စကားအတိုင်းပေမဲ့
ထယ်ရယ့်အနားကထွက်သွားမဲ့သူက
ဂွန်းဝုကိုယ်တိုင်ဖြစ်နေခဲ့တာ

" ရုတ်တရက်ဆန်တယ်ပဲပြောပါတော့ ဟျောင်းရယ် "

" ဘာပဲဖြစ်ဖြစ်ပြန်လာမှာမလား
ဟျောင်းက စောင့်နေမှာပေါ့ "

" 4နှစ်ပြီးရင်တော့ ပြန်လာခဲ့မယ်ဆုံးဖြတ်ထားတယ်
ကျွန်တော် ဟန်းဂုကို အဲ့ထက်ပိုပြီးတော့
အကြာကြီးမခွဲနိုင်လောက်ဘူး ထင်တာပဲ "

" ဒီကြားထဲရော ပြန်လာအုံးမှာလား "

" အဲ့လိုတော့ပြန်မလာဖြစ်လောက်ဘူး ဟျောင်း
scholarshipနဲ့ဆိုတော့ စာထဲပဲ သေချာအာရုံစိုက်ချင်လို့ "

" အင်းပေါ့လေ အဲ့လိုကလဲ
ဂွန်းဝုအတွက်ကောင်းပါတယ် "

" အာ... နှမြောလိုက်တာ တကယ်... "

" ဘာကိုလဲ ဂွန်းဝု ... "

" နောက်တစ်ခါပြန်ကြားရတဲ့
ဟျောင်းစကားပြောသံလေးကို
ကျွန်တော် တစ်ဝကြီးနားမထောင်ရတော့ဘူးလေ ဟဟ "

ထယ်ရယ် ဒီစကားတစ်ခွန်းတည်းနဲ့တင် ဂွန်းဝုမျက်နှာကို
စေ့စေ့စိုက်မကြည့်ရဲတော့ဘူးဖြစ်သွားတယ်
ဂွန်းဝုကတောက်လျှောက် ရယ်ရယ်မောမောပြောနေပေမဲ့
တကယ်တော့ သူမျက်ရည်တွေဝဲပြီး
အသံတွေပါတုန်နေခဲ့တာ

" ဘယ်တော့သွားဖြစ်မှာလဲ လိုက်ပို့မယ်လေ "

" နောက်တစ်ပတ်ထဲဖြစ်လောက်မယ်
ဒီကြားထဲ အားချိန်မရတော့မှာမလို့
ဟျောင်းကိုအရင်ဆုံးလာတွေ့တာ
လိုက်မပို့ပါနဲ့ ဟျောင်းရယ်... "

" ဂွန်းဝုကလဲ ... "

ဂွန်းဝုက သက်ပြင်းမမည်တဲ့လေပူတစ်ချက်ကို
မှုတ်ထုတ်လိုက်ပြီး မျက်ရည်တွေကိုလဲသုတ်လိုက်တယ်
ပြီးတော့ ထယ်ရယ့် အရှေ့ကို
အနက်ရောင်ဘူးလေးတစ်ခုကို ဖွင့်လျက် ချပေးလိုက်ပြီး

The Sound Of Your HeartWhere stories live. Discover now