"ဟာ ဂျောင်ဂုကလည်း ဒီမှာကပျင်းတယ်လို့ Tvကလည်းငါကြည့်ချင်တာတစ်ခုမှမရှိဘူး"

"ကိုကို့ ကိုကျနော် စိတ်မချဘူး"

"ဘာကိုစိတ်မချတာလဲလို့
ငါဒီမှာပဲနေမှာလေ ဘယ်မှာသွားတာမှမဟုတ်တာ"

"ကိုကိုကငြိမ်နေတာမဟုတ်ဘူးတော်ကြာပြုတ်ကျသွားမှဖြင့်!"

"ဟော ငါက ကလေးလားပြော
ငါကအဲ့အပေါ်တက်ဆော့မှာမို့လို့လား"

"အဲ့လို့တော့လည်းမဟုတ်ပါဘူး
ကဲပါ သွားချင်တယ်ဆိုလည်းသွား
အခန်းအပြင်မှာရပ်နေတဲ့နှစ်ယောက်တွေ့လားအဲ့ထဲတစ်ယောက်ခေါ်သွားလိုက်"

"အင်း ငါသွားပြီနော်"

"ဟု"

ဂျီမင်းကအခနး်အပြင်ထွက်လာကာ
လူတစါယောက်ခေါ်ခဲ့ပြီးဟိုးအပေါ်ဆုံးထပ်ကိုတက်သွားသညါ။

"ဝိုးးးးအမြင့်ကြီးပဲ!!"

"ဟို သူဌေးလေးပြုတ်ကျမယ်ဗျ
အရှေ့အရမ်းမတိုးပါနဲ့"

"ရပါတယ် ငါကလေးမဟုတ်ဘူး"

"အနောက်လေးနည်းနည်းပဲဆုတ်လိုက်ပါဗျာ"

"မင်းတို့ကလည်းဂျောင်ဂုတပည့်တွေလိုါကိုမပြောရဘူးတော်တော်အရစ်ရှည်တယ်"

ဂျီမင်းလည်းအနောက်ဆုတ်လိုက်သည်

"အဲ့မှာရှိပြီလား ဆုတ်လိုက်ပြီ"

"ဟုရပါပြီခဗျ"

"ဒါနဲ့ဟို‌နားမှာအလုပ်လုပ်နေကြတာလား"

"ဟုတယ်လေ သူဌေးလေးဘာဖြစ်လို့လဲ"

"လာ သွားကြည့်ရအောင်"

"ဗျာ မသွားနဲ့သူဌေးလေးသူတို့အလုပ်ရှုပ်နေတာဒုခများတယ်"

"အလုပ်ရှုပ်နေဝာာတွေ့တယ်လေ
ဘာတွေလုပ်နေလည်းပဲသွားကြည့်မှာလာခဲ့စမ်းပါ"

"သူဌေးလေးး!"

တားမရတဲ့ဂျီမင်းကထိုအလုပ်လုပ်နေတဲ့လူအုပ်စုနားသို့ထွက်သွားသည်

အနားသို့ရောက်တော့အောက်မှာလည်းရေတွေရွဲနေသည် ဘာတွေလုပ်နေကြမှန်းလဲမသိပါ‌အတော်ပင်အလုပ်ရှုပ်နေသော
သူတို့ကိုဂျီမင်းစိတ်ဝင်စားလာပါတော့သည်ထို့ကြောင့်ဂျီမင်းမေးလိုက်မိသည်။

ကိုကို့ ကိုချစ်တယ်Where stories live. Discover now