ကျွန်​တော့်ကိုဒီလိုဖြစ်​အောင်
ခင်များပဲလုပ်ခဲ့တာ ​ဆောနူ

_____________________________

​ဘောလုံးကွင်းနားကအဖြတ်မှာပဲ
သူ့​ရဲ့ကိုယ်​ရှေ့က အရှိန်ပြင်းပြင်းနဲ့ ဘုန်းခနဲဖြတ်သွားတဲ့​ဘောလုံး​ကြောင့် ကင်​ဆောနူ လက်ထဲက ကိုင်ထားသမျှ​တွေ လွတ်ကျတဲ့အထိ ထိတ်လန့်သွားရသည်။

"ဟာ.!"

"ဟိတ်​ကောင် !"

တဆက်တည်းမှာပဲ​ဘောလုံးကွင်းထဲက
အာ​မေဋိတ်သံသဲ့သဲ့ကိုကြားလိုက်ရပြီး​တော့

ဒီဘက်ကို​ပြေးလာတဲ့​ခြေသံ​တွေ

​ကော်ဖီခွက်ကလုံး၀ဖိတ်ကျသွားတာမို့
ဂျူတီကုတ်ဖြူဖြူတစ်ခုလုံး
အညို​ရောင် ​တွေစွန်းထင်း​နေခဲ့သည်။

​ဆောနူကိုယ့်ကိုယ်ကိုစိတ်ပျက်လက်ပျက်ငုံ့ကြည့်ရင်း
ပြုတ်ကျ​သွားတဲ့​​ကော်ဖီခွက်နဲ့ ပစ္စည်း​တွေကို
အသာ​ကောက်သိမ်း​နေတုန်းမှာပဲ ​ဘောလုံးလာ​ကောက်တဲ့တစ်​ယောက်က ​ရှေ့မှာလာရပ်သည်။

"​ဆောရီး အဲဒီနားမှာရှိ​နေတာမမြင်လိုက်မိလို့ "

​မုန်းချင်စရာခပ်​ထေ့​ထေ့​လေသံကိုကြားရုံနဲ့
ဘယ်သူမှန်း​ဆောနူသိလိုက်ပါတယ်၊

"အကူအညီလို​သေးလား "

​ရှေ့ကိုကမ်း​ပေးလာတဲ့ လက်ဖ၀ါးတစ်ဖက်ကို လျစ်လျူရှုပြီး​တော့ ​ဆောနူ ကိုယ့်ဘာကိုယ်ပဲ ထရပ်လိုက်သည်။

ပတ်​ဆောင်ဟွန်းရဲ့ ထီမထင်တဲ့မျက်နှာထားက
အဖြူ​ရောင် ဂျူတီကုတ်​လေး​ပေါ် စွန်းထင်း​နေတဲ့
​ကော်ဖီကွက်​တွေကိုမြင်လိုက်စဥ်မှာပဲ ချက်ချင်းကို
ပျက်ယွင်းသွားရ​လေတယ်

" ခင်များ အပူ​လောင်သွားတာလား "

တကယ် ဟာသပဲ

​ဘောလုံးကိုလွှတ်ချပြီး ဂျူတီကုတ်​အောက်ကို စိုးရိမ်တကြီးရဲ့လှန်ကြည့်လာတဲ့ လက်​တွေကို သူပုတ်ထုတ်ပစ်လိုက်သည်။

"ဖယ်စမ်းပါ"

​ကျောခိုင်းထွက်သွားတဲ့ ​ကျောပြင်ကို ​ငေးလျက် ကျန်ရစ်ရသူမှာ သူကိုယ်တိုင်ပဲဖြစ်သည်။

[Sir, My Heart Is Skipping Again]Where stories live. Discover now