Part-4

74 15 2
                                    

ဟျွန်းဆော့ဒီတစ်ပါတ်ကျော်အတွင်း
လုံးဝအဆင်ပြေနေသည်...

ပုံမှန်အလုပ်သွားအလုပ်ပြန်နေသား
တကျရှိနေပြီဖြစ်သည်....

မောင်နဲ့ကတော့ထပ်မတွေ့ပါရစေနဲ့လို့ပဲ
ဟျွန်းဆော့ဆုတောင်းနေမိသည်...

ဆိုဟီးပြောပြတာတော့ရုံးချုပ်က
ခြောက်လနေမှတစ်ခါလောက်သာ
လာစစ်တတ်သည်တဲ့လေ...

အဲ့လိုအချိန်တွေဆိုသူအတတ်နိုင်ဆုံး
ရှောင်နေရမည်...

"ဟူးးး...ချမ်းလိုက်တာကားကလဲမလာ
သေးဘူး"

ဘတ်စ်ကားမှတ်တိုင်မှာထိုင်ရင်းကား
စောင့်နေမိသည်စုဆောင်းထားတဲ့ပိုက်
ဆံလေးကိုတတ်နိုင်သလောက်သူခြွေ
တာရမည်...

အလုပ်သင်တစ်ယောက်ကအချိန်ပိုလဲ
ဆင်းပေးရတာမို့သူ့ရဲ့အိမ်ပြန်ချိန်က
နောက်ကျတယ်လို့ပြောရမည်...

မျက်စိရှေ့ကပြေးလွှားနေတဲ့ကားတွေ
ကိုကြည့်ပြီးဟျွန်းဆော့ရေတွက်နေမိ
သည်....

ရုတ်တရက်ကားတစ်စီးကသူ့ရှေ့လာရပ်
တာကိုကြည့်နေမိသည်...

တစ်ချိန်ကသူလဲဒီလိုကားမျိုးပေါ်မှာ
အခန့်သားလိုက်စီးဖူးသည်...

ကားပေါ်ကဆင်းလာတဲ့သူကိုကြည့်မိ
တော့သူ့မျက်လုံး‌ကိုတောင်မယုံနိုင်ပေ...

"မောင်..."

ဟျွန်းဆော့ဘယ်ပြေးလို့ပြေးရမယ်မသိ
ဖြစ်သွားသည်...

မဖြစ်ဘူးသူမတွေ့ချင်ဘူး...

ဦးတည်ရာမရှိဟျွန်းဆော့ပြေးဖို့ရာကြံ
လိုက်ပေမဲ့သူ့လက်တစ်ဖက်ကိုတစ်စုံ
တစ်ယောက်ဆွဲထားလိုက်ပြီးဖြစ်သည်..

လှည့်မကြည့်ပဲဘယ်သူလဲသူသိပါသည်
သူအတွက်အမြဲ‌‌နွေးထွေးတဲ့လက်တစ်စုံ
သူနေ့နေ့ညညလွမ်းစွတ်နေတဲ့နွေးထွေး
မှုလေး...

"ဘယ်ပြေးမလို့လဲဟျွန်း..."

ဘယ်တော့မှမကြားရတော့ဘူးလို့သူတွေး
ထားခဲ့တဲ့ဒီလူရဲ့ဟျွန်းလို့ခေါ်သံ...

"ဟို...ငါ"

"မအေးဘူးလား...လာမောင့်အနွေးထည်
ခြုံထားလိုက်"

အချစ်ဦးမှ...(ခေတ္တရပ်နား)Where stories live. Discover now